သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Showing posts with label Knowledge ဗဟုသုတ ဆိုင်ရာများ. Show all posts
Showing posts with label Knowledge ဗဟုသုတ ဆိုင်ရာများ. Show all posts

Wednesday, July 24, 2013

Portable Software အကြောင်းသိကောင်းစရာ



                                                    Computer Technician တော်တော်များများဟာ Software များကို Portable Version အနေနဲ့ အသုံးပြုလာတာများပါတယ်။

                    ဘာကြောင်လဲဆိုတော့ PortableSoftware တော်တော်များများကိုသုံးခြင်းအားဖြင့် ကျွန်တော်တို့ ကွန်ပျူတာရဲ့ Memory အသုံးပြုမှု Harddisk အသုံးပြုမှုကို လျော့နည်းစေတဲ့အပြင် ကျွန်တော်တို့ Portable အနေနဲ့ပြုလုပ်ထားတဲ့ Software တွေကို သွားလေရာမှာအလွယ်တကူ ယူဆောင်သွားနိုင်ပါတယ်။
                        အဓိကအရေးကြီးတဲ့အချက်ကတော့ ကျွန်တော်တို့ဟာ Software တွေကို Install လုပ်စရာမလိုတာပါပဲ။ Portable Software တွေရဲ့ အခြားအားသာချက်တွေကတော့ သူတို့တွေဟာလည်း Software installation ဖြစ်ပေမယ့် install လုပ်စရာအချိန်မလိုပဲနဲ့ Double click နှိပ်လိုက်ယုံနဲ့တင်သုံးလို့ရပါတယ်တယ်။
                         နောက်တစ်ချက်ကတော့ ကျွန်တော်တို့သဘောကျတဲ့ ဆော့ဝဲတွေကို ( နိုင်ငံခြားမှာဆိုရင် ၀ယ်သုံးရတယ်) ကျွန်တော်တို့ ကွန်ပျူတာထဲမှာ ထည့်ပီးတော့ Install လုပ်ပီးတာနဲ့ Portable Version အဖြစ်သိမ်းထားလို့ရပါတယ်။
                        ဒါကြောင့် ကျွန်တော်တို့ဟာတစ်ခြားကွန်ပျူတာတွေမှာ Softwareတွေကို Portable Version အနေနဲ့သုံးလျှင်နောက်ထပ် ပိုက်ဆံထပ်မပေးရပါဘူး။နောက်တစ်ချက်ကတော့ ကျွန်တော်တို့အတွက် အမြဲတမ်းမလိုအပ်တဲ့ ဆော့ဝဲတွေကို တစ်ခနတာ အသုံးပြုဖို့အတွက် install လုပ်လိုက်ခြင်းဖြင့် မလိုအပ်တဲ့application တွေကို Registry ထဲဝင်ရေးခြင်းမှကင်းရှင်းစေပါတယ် ဒါကြောင့်ကျွန်တော်တို့ ကွန်ပျူတာတွေထဲကို Software install လုပ်စရာမလိုတဲ့အတွက် Registry ကို သန့်ရှင်းစေပါတယ်။

                  ဒါ့အပြင် တစ်ခြားအရေးကြီးတဲ့ အချက်ကတော့ ကျွန်တော်တို့ဟာ Portable Software တွေကိုသုံးခြင်းဖြင့် တခြားမလိုလားအပ်တဲ့ တစ်ခြားသူတစ်ယောက်ဖန်တီးထားတဲ့ Fake Software တွေရန်မှ ကာကွယ်နိုင်ပါတယ်။ ဥပမာ အားဖြင့်တော့ ကျွန်တော်တို့ဟာ တစ်ခြားသူတစ်ယောက်ကွန်ပျူတာမှာ သွားသုံးမယ်ဆို၇င် Portable Softwareတွေကိုယူသွားဖြင်းဖြင့်  -  Fake Gtalk account, Firefox Add-on တွေကိုမသုံးပဲ ကိုယ်တိုင်ယုံယုံကြည်ကြည်လုပ်ထားတဲ့ Portable Software နဲ့ အသုံးပြုနိုင်ပါတယ်။

                   နောက်ထပ် မြန်မာနိုင်ငံက အင်တာနက်ဆိုင်တို့လို Domain Login Server ခံထားတဲ့ ကွန်ပျူတာတို့လို Software installation တွေပိတ်ထားတဲ့နေရာမှာ ကျွန်တော်တို့ဟာ Portable Software တွေကိုသုံးခြင်းအားဖြင့် ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ 

                
  အားလုံးကို ကျေးဇူးပါ....................

                  ငှက်ငယ်

Posted By Unknown6:14 AM

Tuesday, July 16, 2013

Facebook သုံးသူတွေသိသင့်တဲ့အချက် (၈)ချက်

(၁) တစ်စုံတစ်ယောက်ကို Block လုပ်ရန်Setting ထဲက Privacy Setting မှာ Block List ကို တွေ့ ရမှာပါ။ အဲဒီမှာ သင် Blockလုပ်ချင်သူရဲ့ Emial ရိုက်ထည့်ပြီး Remove လုပ်ရုံပေါ့။ Friend Requestထပ်ပို့ မှပဲ သင်တို့  သူငယ်ချင်း ဖြစ်နိုင်ပါတော့မယ်။
(၂) Comment တွေဖျက်ဖို့ Remove Button နဲ့  ခပ်လွယ်လွယ် ဖယ်ရှားလိုက်ရုံပေါ့။
(၃) သင့်ပုံ သူများ မမြင်စေချင်ရင်ကိုယ့် Profile Photo မှာ သူများ Tag ချိတ်ပေးတဲ့ ပုံတွေ များနေမယ်ဆိုရင် RemoveTag လုပ်ဖို့  လိုပါတယ်။ ကိုယ့်ရဲ့ Tag လုပ် ထားတဲ့ Photo ကိုဖွင့်လိုက်ပါ။ အဲဒီ Photo (ပုံ) အောက်မှာ Tag ချိတ်ထားတဲ့ကိုယ့်နာမည်ဘေးမှာ Photo နဲ့  Remove Tag ဆိုတာ တွေ့ ရပါမယ်။ Remove Tagလုပ်ရုံပါပဲ။ ဒါဆိုရင်သင့်ကို Tag လုပ်ထားတဲ့ ပုံတွေ မရှိတော့ပါဘူး။
(၄) ကိုယ့်ရဲ့ ပုံတွေ ဗွီဒီယိုတွေရဲ့ Privacy ကို ပိုပြီး စိတ်ချရအောင်Account ထဲက Privacy Settings က Profile Information ကို သွားပါ။ အဲဒီမှာ Bio, Birthday, Religions, Photo,Post, Allow Friends To Post My Wall, Comments စသဖြင့် ကိုယ့် Friendsတွေပဲ တွေ့ စေချင်တာလား။ တခြားလူတွေပါ မြင်စေ ချင်သလားဆိုတာ ရွေးပါ။Privacy Level မှာ Only Me, Block Specific People စသဖြင့် ကြိုက်ရာတစ်ခုခု လုပ်ပါ။ Preview My Profile ကို ရွေးပြီး Check ကြည့်ပါ။
(၅) သင့်နာမည်ကို Facebook ရဲ့ Search မှာ မတွေ့ စေချင်ရင်Settings ထဲက Privacy Setting ထဲက Search ကိုရှာပါ။ အဲဒီမှာ Only Friends ကို ရွေးချယ်ပါ။ ခုဆိုရင် သင့် Friendsတွေကပဲ သင့်ကို ရှာတွေ့ မှာပါ။
(၆) Facebook Layout ပြောင်းရန်Page Rage Super Profile က Facebook ရဲ့ Application ဖြစ်ပြီး သင့် Facebook Profile ရဲ့ Skin ကို ပြောင်းလဲပေးပါလိမ့်မယ်။ Yontoo Lages အမည်ရှိ Add on software တစ်ခုကို Installလုပ်ရမှာ ဖြစ်ပြီး ဒါက Facebook ရဲ့ Layout ကို ပြောင်းပေးမှာပါ။
(၇) Friends List ကို ဖျောက်ချင်ရင်Privacy Settings ထဲက Friends ဆိုတဲ့ Options မှာ “Every One” လား၊ “Friends ofFriends” လား၊ “Only Friends” လား၊ “Customize” လား တစ်ခုခု စိတ်ကြိုက်ရွေး လိုက်ပေါ့။
(၈) Game မကစားတော့ဘူးဆိုရင်Facebook ရဲ့ Farmville ကို သင်က အရင်က ဆော့ခဲ့ပေမဲ့ အခုတော့ ဆော့ဖြစ်တော့ဘူး ဆိုပါတော့။ဒါပေမဲ့ လက်ဆောင် များစွာ က နေ့ စဉ် ရောက်ဆဲပါ။ ဒီပြသနာအတွက် ApplicationSetting ကို ၀င်ပါ။ အဲဒီထဲက Game ကို (x) နဲ့  Remove လုပ်လိုက်ပါ။

IT Technology 

Posted By Unknown5:44 AM

Sunday, June 30, 2013

Blogger ဘဝနှင့်စေတနာ


ကျွန်တော်ဒီနေ့တော့ ဘလော်ဂါများရဲ့ ကိုယ်စား နည်းနည်းလောက်ပြောချင်ပါတယ်
ကျွန်တော်တို့ မြန်မာနိုင်ငံက အခြားနိုင်ငံတွေထက် အစစအရာရာ နောက်ကျခဲ့တဲ့အလျောက်
နည်းပညာ ပိုင်းမှာလည်း အရမ်းကို နှောင့်နှေးပါတယ် လက်ရှိအချိန်ထိပေါ့
အဲဒီလို နည်းပညာပိုင်းအားနည်းမှုတွေကြောင့် တကယ်တော်သူတွေ
တကယ်ထက်မြက်သူတွေက မြန်မာနိုင်ငံမှာ အလုပ်မလုပ်ကြပါဘူး
သူတို့ ပညာနဲ့ တန်မယ့် လခကို ယူဖို့အတွက် အခြားသောတိုင်းပြည်ကို
ထွက်သွားကြပါတယ် ဒါပေမယ့် မြန်မာလူမျိုးတွေကိုတော့ သူတို့ တိုးတက်စေချင်ကြပါတယ်
ဒါကြောင့် သူတို့ သိတာလေးတွေကို မသိတဲ့သူတွေအတွက် ဝေမျှဖို့
blog တွေလုပ် website တွေ ရေး Facebook မှာ Group တွေဖွဲ့ပြီးတော့
လုပ်ပေးကြပါတယ်။ ဒါက သူတို့ရဲ့ အချိန်တွေတစ်စွန်းတစကို အခြားသူတွေအတွက်
ပေးဆပ်နေတာပါ မြန်မာပြည်ကနေဘလော့ရေးနေသူတွေလည်း အများကြီးပါ
လိုင်းကောင်းလို့ ဘလော့ရေးသူတွေရှိသလို လိုင်းမကောင်းပေမယ့် 
မရရအောင် ဖုန်းဘေတွေအကုန်ခံပြီး အချိန်တွေ အကြာကြီးပေးဆပ်နေသူတွေလည်း
ကျွန်တော်အပါအ၀င်အများကြီးပါ နိုင်ငံခြားက ဘလော့တင်သူတွေက အင်တာနက်လိုင်းကောင်း
တော့အဆင်ပြေကြတယ်  ငွေကြေးလည်း သိပ်မကုန်ကျပါဘူး။။
ကျွန်တော်တို့ကျတော့ ကောင်းတစ်ခါ မကောင်းတစ်လှည့်နဲ့
ရေးနေကြတာပါ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်သိတာလေးတွေကို အများကို မျှဝေစေချင်တဲ့
ဆန္ဒတွေနဲ့သာ လျှောက်လှမ်းနေကြတာပါ အဲဒီအတွက် ကျွန်တော်တို့မှာ
အချိန်တွေ ငွေကြေးတွေ အများကြီးရင်းနှီးထားရပါတယ်။ ကိုယ်ပိုင်အချိန်အချို့ကိုတောင်
လျစ်လျူရှုထားရပါတယ် .. ဒါက စေတနာတွေပေါ့
ဒါဆို ကျွန်တော်တို့ရော ဘာပြန်ရသလဲ ငွေမရပါဘူးဗျာ ဘလော်ဂါတိုင်းကိုမေးကြည့်ပါ
အခုအချိန်ထိ ဘလော့ကနေ ငွေဘယ်လောက်ရပြီးပြီလဲလို့
ငွေရဖို့ဒီအလုပ်တွေလုပ်နေတာမဟုတ်ပါဘူး ဒါပေမယ့် website ပေါ်မှာ
ကြော်ငြာတင်တာလေးတွေခေတ်စားတော့ မိမိဆိုဒ်လေးတွေ ဘလော့လေးတွေကို
အထိုက်အလျှောက်ကြော်ငြာလေးတွေ သွင်းထားခဲ့ကြတယ်

ငါတို့အတွက်တင်ပေးနေလို့ donate လေး လစဉ်လုပ်မယ်လို့လည်း
ပြောမယ့်သူတွေမရှိပါဘူး မရလို့ပြောတာမဟုတ်ပါဘူး ကျွန်တော်တို့မှာ
ဘာမှမရဘူးလို့ပြောချင်တာပါ ။။ ဘာမှမရရင်နေပါ ကျွန်တော်တို့တင်ပေးတာလေး
တွေ ထဲက မိမိအတွက် တစ်ခုခုလောက် အသုံးဝင်မယ် တစ်ခုခုလောက်ပိုသိသွားရင်ပဲ
ကျွန်တော်တို့ကျေနပ်လှပါပြီ။ နောက်ပြီး ရင်းနှီးမှုတွေ ပိုရလာတယ်။
အွန်လိုင်းပေါ်မှာ မိတ်ဆွေတွေ ပေါများလာတယ် ။ ဒါတွေက
ကျွန်တော်တို့အတွက် အမြတ်တွေပါ ငွေရတာမရတာ အသာထား
ဒီလိုမျိုး ခင်မင်ရင်းနှီးမှုရတာတွေက တကယ့်ကို ပျော်ရွှင်စေတာပါ
မိမိဘလော့လေး လူဝင်များနေရင် ကြိတ်ပီး ပီတိဖြာနေသူပါ။။
ကော်ပီပို့စ်တင်တယ်လို့ အချို့သူတွေက ဘလော်ဂါတွေကို
ပြောကြပါတယ် ဟုတ်ပါတယ် အားလုံးက copy တွေပါ
ဘယ်သူက စဦး တီထွင်ခဲ့လို့လဲ ကိုယ့်ဆိုဒ်မှာတင်ထားတာတွေက
ကျွန်တော်တို့ကိုယ်တိုင် တီထွင်ခဲ့တဲ့ ဆော့ဝဲတွေလား
နည်းပညာတွေလား မဟုတ်ပါဘူး ဒီလိုပဲ တစ်ဆင့်ခြင်း လက်ဆင့်ကမ်း
ယူလာခဲ့ကြတာပါ ဘယ်လိုပဲဖြစ်ဖြစ် ကော်ပီတင်သူလည်း
သူ့မှာအချိန်တွေတော့ ပေးဆပ်ရတာပါပဲ ။။ ဒါလေးတော့ သိစေချင်ပါတယ်ဗျာ။
ကျွန်တော် အဓိကပြောချင်တာကတော့ အွန်လိုင်းမှာ ဘလော့ရေးနေတာ
အားယားနေလို့မဟုတ်ကြပါဘူး ကိုယ်ပိုင်အလုပ်တွေရှိကြပါတယ်။
အဲဒီလူတွေရဲ့ စေတနာကို ကျေးဇူးမတင်ရင်နေပါ မစော်ကားကြပါနဲ့
မြန်မာစကားပုံလိုပေါ့ " ကျေးဇူးမတင်ဖင်လှန်ပြ" ဆိုသလိုတော့
မလုပ်ကြပါနဲ့ အဲဒီပြဿနာတိုင်းက ဘလော်ဂါတွေခံစားရပါတယ်
အချို့သူများဆိုလျှင် အဲဒီအရာတွေကို စိတ်နာပြီး ဘလော့တောင် မရေးကြတော့ပါဘူး။
အားလုံးရဲ့ ကိုယ်စားကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။
မိမိအတွက် တစ်စုံတစ်ခုမှမရရင်နေပါ မဆဲပါနဲ့ရိုင်းဆိုင်းတဲ့
စကားမျိုးတွေ မပြောကြပါနဲ့ တစ်ခါ ကျွန်တော့် page လေးမှာ
windows 8 မှာ screen shot အလွယ်ရိုက်နည်းလေးတင်ပေးဖူးပါတယ်
အောက်မှာ လူတစ်ယောက် ကော်မန့်တက်လာတယ်
"အခုမှ လာဟောင်နေတယ် ဒီကဖြင့်ရိုက်လွန်းလို့ ကီးဘုတ်ခလုတ်တွေတောင်ပျက်နေပီ"
တဲ့ သူ့စကားက မဆဲပေမယ့် စော်ကားသလိုဖြစ်နေပါတယ် 
ကျွန်တော်သူတစ်ယောက်တည်းအတွက် တင်ပေးနေတာမဟုတ်ပါဘူး
မသိသူတွေ အများကြီးရှိကြပါတယ် မိမိက သိနေတယ်ဆိုရင်
အဲဒီရေးသားသူတွေရဲ့ ဘလော့တွေ page တွေကို ၀င်မကြည့်ပါနဲ့
ကိုယ်နဲ့မှ မဆိုင်တာ ကိုယ့်လောက်မသိသူတွေ ရေးနေတဲကဘလော့ကို
ကိုဝင်ကြည့်စရာမလိုဘူးလေ အဲလိုပဲနေပေးပါ ၀င်ကြည့်ပြီး
အပစ်ကြီးပဲ ဆိုမယ်ဆိုရင် လူတိုင်းမှာ အပြစ်တွေတစ်ပုံကြီးပါ
အဲဒီအပြစ်တွေပြောသူတွေကရော တကယ်အပြစ်ကင်းကြတယ်ပေါ့
ဘယ်လိုပဲဖြစ်ဖြစ် မိမိက သူများလိုမလုပ်နိုင်ရင်နေပါ
လုပ်ပေးနိုင်သူတွေကို မစော်ကားပါနဲ့လို့ အွန်လိုင်းမှာ
မျှဝေနေသူတွေ အားလုံးရဲ့ ကိုယ်စားကျွန်တော် အောင်ကျော်ခိုင် ကပဲ
တောင်းပန်ပါရစေခင်ဗျာ။။
~~~~~~~~~~~~~~
ဒီပို့စ်လေးကို မိမိတတ်နိုင်သလောက် ပြန်ရှယ်ပေးပါခင်ဗျာ
~~~~~~~~~~~~~~~`
အောင်ကျော်ခိုင်(ပုသိမ်)
www.aungkyaw.net 
၂၆.၆.၂၀၁၃  

Posted By Unknown4:25 AM

Wednesday, June 26, 2013

Windows 7 32 bit နှင့် 64 bit ကွာခြားချက် အကြမ်းဖျင်း

 

ကျနော်လည်း တစ်ချိန်တုန်းက ကွန်ပြူတာဝယ်လိုက်ရင် 32 bits နဲ့ 64 bits ဘာကွာလည်းဆိုတာကို သေချာ ကွဲကွဲပြားပြား မသိဘူး။ 64 bits ဝယ်ဖြစ်ခဲ့တယ်။ ကံဆိုးချက်ကတော့ ဆော့ဖ်ဝဲတွေ၊ ဂိမ်းတွေ သွင်းတဲ့အခါ ရတာက ရပြီး မရတာက မရဘူး။ အထူးသဖြင့် Call of Duty နောက်ဆုံးထွက်တွေ၊ Need For Speed ရဲလိုက်ဖမ်း တဲ့ ပြိုင် ကားမောင်းတာတွေ သူများဆော့တာမြင်တော့ ဆော့ချင် တာပေါ့။ ဒီတော့ သွင်းလိုက်တိုင်း တစ်ခုမဟုတ် တစ်ခုက အမှားပြတယ်။




Data source ရှာမတွေ့တာတို့ ၊ အရင်းမြစ် file မရှိတာတို့ ဘာညာနဲ့ပြတယ်။ ကျနော်ညံ့ လို့နေမှာပါ။ သူများ 64 bits ကွန်ပြူတာများ ရတယ်။ ကျနော် မရဘူး။ Avira တို့လို Virus သတ်တဲ့ ဆောဖ်ဝဲတွေလည်း ပိတ်ပါတယ်။ သို့ပေမယ့် သိပ်လည်း အဆော့ချင်ကြီးမဟုတ်၊ အရမ်းလည်း အားနေသူ မဟုတ်တော့ ၁ နာရီလောက် အချိန်ပေးလုပ်လို့ ထူးမလာရင် ဒီတိုင်းပဲ ပစ်ထားဖြစ်လိုက်တယ်။ သေချာလုပ်ရင်တော့ ရမှာပါ။ ဒါက ဘာကြောင့်လဲဆို ကွန်ပြူတာရဲ့  RAM အသုံးချမှုက အဓိကပါတဲ့။



32 bits က RAM 4GB ထက်ပိုမသုံးဘူး။ 64 bits က RAM ရှိရင်ရှိသလောက် သူသုံးဖြစ်လိမ့်မယ်။ Random Access Memory ကိုပြောတပါ။ တစ်ပြိုင်နက်တည်း အလုပ်လုပ်နိုင်မှုပါ။ အလွယ်ဆုံး ဥပမာ ပေးရရင် ဓာတ်ခဲ ၂ လုံးအား အသုံးပြုပြီး ထွန်းတဲ့ ဓာတ်မီးနဲ့ ဓာတ်ခဲ ၃ လုံးအား တစ်ပြိုင်နက်တည်း ထွန်းတဲ့ ဓာတ်မီးတို့ အားကွာသလိုပေါ့။ ၃လုံးအားက ပိုလင်းလိမ့်မယ်။ ဒီလိုပါပဲ။ 64bits ကွန်ပြူတာရဲ့  အားသာချက်က Data Transfer မှာ မြန်ပါတယ်။ တစ်ခါတည်း RAM အများအပြား အလုပ်လုပ်မှုကြောင့် သီချင်းတွေဘာတွေ Flash Drive နဲ့ ကူးတဲ့အခါ ပိုမြန်တယ်။ 32 Bits ကျတော့ Data Transfer မှာ လုပ်ဆောင်ချက် နှေးတယ်။


64 bits မှာ အားနည်းချက်က 32 bits သိမ်းဆည်းမှုစနစ်သုံး ပရိုဂရမ် များ၊ ဆော့ဖ်ဝဲများနဲ့ သုံးလို့ အဆင်မပြေပါဘူး။ ဒါကြောင့် 64 bits များက ဆော့ဖ်ဝဲရွေးတာပါ။ 16 bits program လည်း သုံးလို့ မရပါဘူး။ 32 bis ကျတော့ ရပါတယ်။ ဆော့ဖ်ဝဲအချို့  ၊ ပရိုဂရမ်အချို့ က 32 bits system နဲ့ပဲ ထုတ်ကြပါတယ်။ ဒါကြောင့် 32 bits ကို Windows တို့ ယနေ့တိုင် ထုတ်လုပ်နေခြင်းပါ။ ဆက်လည်း ထုတ်အုံးမယ့်ပုံပါ။



64 bits နောက်ပိုင်းပေါ်လာသည့်တိုင် 32 bits စနစ်က ပျောက်မသွားဘူး။ ယနေ့အထိ Windows Hardware တွေမှာ ခွဲခြား ထုတ်လုပ်နေဆဲပါပဲ။ ဒါကြောင့် အချို့ ဂိမ်းတွေ၊ ဆော့ဖ်ဝဲတွေ 32 bits နဲ့အလုပ်မလုပ်တာပါ။


64 bits ဗားရှင်းကို သက်သက်ပြန်ရှာရပါတယ်။ဒီတော့ ဘယ်ဟာပိုကောင်းတယ်လို့ တပ်အပ်ပြောလို့ မရတော့ပါဘူး။ ကျနော်တောင် အရင်တုန်းက ဂဏန်းများနဲ့ 64 bits က ပိုကောင်းတယ်လို့ သိထားတာ။ ခုတော့ နှစ်ခုလုံးမှာ သူ့ဟာကွက်တွေချည်းပါပဲ။



32 bits RAM နဲ့ compact software production ရှိနေသေးသရွေ့ ပေါ့။ 63 bits မှာ Kernel Patch Protection ရတယ်။ 32 bits မှာမရဘူး။ ဒီလိုမျိုး အခြားကွဲပြားချက်တွေ အများကြီးရှိပါတယ်။ ဒီတော့ Microsoft က တရားဝင် ရေးသားထားတဲ့ 32 bits နဲ့ 64 bits ကွာခြားချက် အကြောင်းများကို အောက်ပါလခ့်မှာ ဝင်ရောက် ဖတ်ရှု ကြည့်နိုင် ပါတယ်။


http://support.microsoft.com/kb/946765

Posted By Unknown3:48 AM

Monday, June 24, 2013

Windows 8 သုံးသောသူများသိစေရန်



Windows 8 သုံးသောသူများ သိစေရန်  

Window 8 OS တွင် ညစ်ညမ်းဂိမ်း (Adult Game) ဆော့ကစားခြင်းအား Microsoft မှ 



တားဆီး ပိတ်ပင်ထားမည် ဖြစ်ကြောင်း သိရသည်။

ဂိမ်းခွေတွင် ပါရှိသော rating သည် – PEGI 16 သို့မဟုတ် ESRB Mature ထက်ကျော်လွန်ပါက Window 8 OS တွင်ေ



ဆာ့ကစား၍ ရမည် မဟုတ်ကြောင့် မိုက်ခရိုဆော့ဖ် ပရိုဂမ်မာများက ပြောကြားသည်။ app certification requirements ကို 

အဆင့်မြင့်တင်ထားသော်လည်း ယင်း တားမြစ်ချက်က အခြား ဂိမ်များကိုလည်း ထိခိုက်စေနိုင်ကြောင်း သိရသည်။ 

ဂိမ်း Rating များမှာ နိုင်ငံတစ်ခုနှင့် တစ်ခု မတူညီပေ။

အမေရိကန်တွင် Mature rating ရရှိပြီး အဆင်ပြေနိုင်သော်လည်း 



ဥရောပ တွင် အဆင်မပြေနိုင်မည့် ဂိမ်းများ ရှိသည်။ 

Dishonored, Skyrim, Sleeping Dogs, Assasin’s Creed, Call of Duty စသည့်ဂိမ်းများ ဖြစ်ပြီး

အခြား Violence ပြင်း၍ အသက်အရွယ် ကန့်သတ်မှု များသော အက်ရှင်ဂိမ်း၊ Horror ဂိမ်း များလည်း 

Windows 8 တွင် ဆော့ကစား၍ မရနိုင်ကြောင်း သိရသည်။

ညစ်ညမ်းဂိမ်းကို Windows 8 OS တွင် စစ်ထုတ် တိုင်းတာရန် စနစ်ပါရှိပြီး ဂိမ်းက ဖော်ပြသည့် 



Metadata မှာ အားလုံးအတွက် သင့်လျော်နေရ မည် ဖြစ်ကြောင်း ပြောကြားထားသည်။ 

ထို့ကြောင့် Windows 8 OS အသုံးပြု၍ ဂိမ်းခွေစတိုးများ ဝင်ရောက်ရာတွင်လည်း အခက်တွေ့နိုင်ကြောင်း သိရသည်။

ထို့ကြောင့် Windows 8 OS တွင် ညစ်ညမ်းဂိမ်း တားမြစ်ချက် အတွက်



 အသုံးပြုသော နည်းပညာကို အဆင့်မြင်တင်ရန် တိုက်တွန်းလျက်ရှိကြောင်း သိရသည်။


Aung Kham-TSJ Team




ကိုလတ်(ကျွဲဆင်း)

Posted By Unknown6:04 AM

 
Twitter Bird Gadget