သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Showing posts with label HOW TO နည်းလမ်းများ. Show all posts
Showing posts with label HOW TO နည်းလမ်းများ. Show all posts

Thursday, October 16, 2014

ကွန်ပျူတာကိုလျှင်မြန်စေမယ့်နည်းလမ်း ၁၁ ခု

ကွန်ပျူတာတွေဟာ အသုံးပြုတာ ကြာလာတာနဲ့ အမျှ လေးလံလာတဲ့ နာမည်ဆိုးရှိပါတယ်။ ဒါပေမယ့် ကွန်ပျူ တာကို ပြန်လည် လျှင်မြန်စေမယ့် နည်းလမ်းများရှိပါတယ်။

Settingsပြောင်းလဲမှု အနည်းငယ်ကနေ RAMထပ်စိုက်နိုင်တဲ့ နည်းလမ်းများအထိ လူတိုင်းပြုလုပ်နိုင်တဲ့ နည်လမ်းများ ဖြစ်ပါတယ်။

ကွန်ပျူ တာလေးလံလာလို့ အသစ် မဝယ်ခင်မှာ ဒီနည်းလမ်းများကို စမ်းသပ်ကြည့်သင့်ပါတယ်။

ရှင်းလင်းရေး Program များကို မကြာခဏ အသုံးပြုပါ။

CCleaner ဟာ Applicationsများစွာရဲ့ Temporary Filesများနဲ့ Cachesများကို ရှာဖွေ ရှင်းလင်းပေးနိုင်တဲ့ အလွန်ကောင်းတဲ့ Appဖြစ်ပါတယ်။ CCleanerကို ဒီလင့် မှာအခမဲ့ ရယူနိုင်ပါတယ်။2

မလိုအပ်တဲ့ Visual Effectsများနဲ့ Animationsများကို ဖယ်ရှားပါ။

ဟုတ်ပါတယ်။ Visual Effectများနဲ့ Animationများဟာ သင့်ကွန်ပျူတာကို မျက်စိပသာဒ ဖြစ်စေပေမယ့် လေးလံစေပါတယ်။

Windows 7မှာ စွမ်းအင် အရင်းအမြစ်များစွာကို စားသုံးနေတဲ့ Aero Themeကို Disableလုပ်သင့်ပါတယ်။ Desktopပေါ်မှာ Right Clickနှိပ်ပြီး Personalizeကို နှိပ်ပါ။ Windows Color ကို နှိပ်ပြီး Enable Transparency မှာ အမှန်ခြစ်ဖြုတ်ပေးပါ။3

Antivirus Softwareကို Updateပြုလုပ်ပြီး အသုံးပြုပါ။

Virusesများနဲ့ Malwareများဟာ သင့်ကွန်ပျူ တာကို အချိန်တိုအတွင်းမှာ လေးလံစေပါတယ်။ အဲဒီအတွက် ဒါကို တားဆီးဖို့ကို ဦးစားပေးအနေနဲ့ ပြုလုပ်တာ အကောင်းဆုံးပါ။ သင်ဟာ Virusတွေလို စိတ်ရှုပ်စရာကောင်းတဲ့ Notificationများကို အဆက်မပြတ်ပြသနေတဲ့ အခမဲ့ Antivirusများကို အသုံးပြုနေတယ်ဆိုရင် Uninstallလုပ်ပြီး ကြော်ညာများ ထည့်သွင်းထားခြင်းမရှိတဲ့ Microsoft Security Essentials Antivirus Softwareကို ပြောင်းသုံးသင့်ပါတယ်။ Windows 8ကနေ စပြီး Microsoft Security Essentilsဟာ နဂိုပါရှိလာပါတယ်။ သူ့အရင် Windows OSများမှာတော့ MSEကို သုံးချင်ရင် ဒီလင့်ကနေ ရယူပါ။
နေ့စဉ် Quick Scanလုပ်ဖို့နဲ့ အပတ်စဉ် Full Scanလုပ်ဖို့ Scheduleလုပ်ထားရင် အလုပ်ရှုပ်သက်သာစေမှာပါ။4

အလုပ်များစွာ တစ်ပြိုင်နက် လုပ်နိုင်ဖို့ RAMများ ထပ်ဖြည့်ပါ။RAM or Random Access Memoryဟာ ဈေးသက်သာပြီး လေးလံနေတဲ့ သင့်ကွန်ပျူတာကို အသစ်အတိုင်း ပြန်လည် ဖြစ်စေနိုင်ပါတယ်။

သင့်ကွန်ပျူတာဟာ ဘယ်လို RAM အမျိုးအစားလိုအပ်သလဲဆိုတာ သိနိုင်ဖို့ Neweggမှ Memory Finder ဆိုတဲ့ Toolကို သုံးနိုင်ပါတယ်။ ပြီးရင်တော့ သင်ကိုယ်တိုင် ကွန်ပျူတာမှာ RAMကို တပ်ဆင်နိုင်သလို ကွန်ပျူတာ ကျွမ်းကျင်သူကို Motherboardမှာ တပ်ဆင်ခိုင်းနိုင်ပါတယ်။ ဒါဟာ အလွန်လွယ်ကူပြီး ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ DIY or Do It Your Self နည်းလမ်းပါ။

5


Solid State Drive(SSD)ကို ပြောင်းလဲအသုံးပြုပါ။သင့်ကွန်ပျူတာကို လျှင်မြန်စေဖို့ လွယ်ကူတဲ့ နည်းလမ်းက Hard Driveကို အဆင့်မြှင့်တာ ဖြစ်ပါတယ်။ သမားရိုးကျ Hard Drive(HDD)နဲ့ အသစ်ဖြစ်တဲ့ Solid State Drive (SSD)ဆိုပြီး နှစ်မျိုးရှိပါတယ်။ သမားရိုးကျ Hard Driveများဟာ ဈေးသက်သာပြီး လှုပ်ရှားနေတဲ့ အစိတ်အပိုင်းတွေပါရှိပါတယ်။ SSDတွေမှာ လှုပ်ရှားနေတဲ့ အစိတ်အပိုင်းတွေ မပါဘဲ Flash Memoryကို အခြေပြုထားပါတယ်။ သူတို့ဟာ အခုအချိန်မှာတော့ ပိုမို ဈေးသက်သာလာပါပြီ။ SSDကို သုံးရင် ကွန်ပျူတာဖွင့်ရင် လျှင်မြန်စေသလို Programသုံးရာမှာလည်း လျှင်မြန်စေမှာပါ။

6

ကွန်ပျူတာ စဖွင့်ချိန်မှာ Run တဲ့ Appsများကို လျှော့ချပါ။

ကွန်ပျူ တာ စဖွင့်ချိန်မှာ အချိန်အတော်ကြာ စောင့်နေရတာက စိတ်ညစ်စရာပါ။ အဲဒီအတွက် ကွန်ပျူတာ စဖွင့်ချိန်မှာ အလိုအလျှောက် Runတဲ့ Appsများကို လျှော့ချသင့်ပါတယ်။

အဲဒီ Appsများကို တွေ့နိုင်ဖို့ Start Menuကို နှိပ်ပြီး Msconfigကို ရှာပြီး ဖွင့်ပါ။ Startup Tabမှာ ကွန်ပျူတာ စဖွင့်ချိန်မှာ မလိုအပ်တဲ့ Appsများကို Uncheckလုပ်နိုင်ပါတယ်။
မှတ်ချက်။ လိုအပ်တဲ့ Programလားဆိုတာ Googleကနေ အရင် မလေ့လာဘဲ Deleteပြုလုပ်ခြင်းကို ရှောင်ကြဉ်ပါ။7

စွမ်းအင် အရင်းအမြစ်များကို အလွန်အကျွံစားသုံးတဲ့ Processများကို ရှာဖွေပါ။
သင့်ကွန်ပျူ တာမှာ Processများစွာ တစ်ပြိုင်နက်တည်းမှာ လည်ပတ်နေပါတယ်။ အဲဒီ Processများထဲမှာ မလိုအပ်ဘဲ ကွန်ပျူတာကို လေးလံစေတဲ့ Processများလည်း ပါရှိပါတယ်။

Windowsမှာ Taskbarကို Right Clickနှိပ်ပြီး Start Task Managerကို နှိပ်ပါ။ RAM သို့မဟုတ် Processing Power ကို လွန်စွာ စားသုံးနေတဲ့ သင်မကြားဖူးတဲ့ Processများကို တွေ့ရင် Google မှာလေ့လာပါ။ မတွေ့ရင်တော့ မလိုအပ်တဲ့ Processဖြစ်နိုင်ပြီး End Processကို နှိပ်ပြီး ရပ်တန့်ပစ်နိုင်ပါတယ်။

8

Viruses or Malware တိုက်ခိုက်ခံရရင် ဝင်းဒိုးကို Fresh Installပြုလုပ်ပါ။

Virusesများကို အဆင့်အတန်းရှိတဲ့ Antivirusများနဲ့ သတ်ပစ်နိုင်ပေမယ့် တစ်ခါတစ်လေမှာတော့ ဝင်းဒိုးကို Fresh Installလုပ်ဖို့ လိုပါတယ်။

သင့် Windows Operating Systemကို Fresh Reinstallပြုလုပ်ခြင်းဟာ Virusကို လုံးဝသတ်ပစ်နိုင်တဲ့ အာမခံချက်ရှိပါတယ်။ ပြန်လည် အင်စတော မလုပ်ခင်မှာ အရေးကြီး ဖိုင်များကို သိမ်းဆည်းထားဖို့လိုပါတယ်။ အဆင်သင့်ဖြစ်ပြီဆိုရင် Windows Installation Disk ဒါမှမဟုတ် USB Stickကို သင့်ကွန်ပျူတာမှာ ထည့်သွင်းတပ်ဆင်ပါ။ ပြီးရင် ကွန်ပျူတာကို ပိတ်ပြီး ပြန်ဖွင့်ပါ။ မျက်နှာပြင်မှာ ပြသတဲ့ လမ်းညွှန်မှုများအတိုင်း ပြုလုပ်ပါ။9

အင်တာနက် ဘရောက်စာ လေးလံနေရင် Cacheများကို ရှင်းလင်းပါ။သင့်ကွန်ပျူတာမှာ အင်တာနက် ကြည့်တဲ့ အခါမှာ လေးလံနေရင်တော့ ပြဿ     နာ ဟာ သင့်ကွန်ပျူတာ မဟုတ်ဘဲ ဘရောက်စာ ဖြစ်နိုင်ပါတယ်။ ဘရောက်စာ တစ်ခုချင်းစီအတွက် နည်းလမ်းတွေက မတူညီကြပါဘူး။ ဒါပေမယ့် ယေဘုယျအားဖြင့် ဘရောက်စာရဲ့ Settingsထဲသွားပြီး Historyကနေ Cacheများကို ရှင်းလင်းပါ။

10


သင့်ကွန်ပျူတာရဲ့ Search Indexကို Refresh ပြုလုပ်ပါ။ဒီနည်းလမ်းက Hard Diskတစ်ခုလုံးကို Indexပြုလုပ်ခြင်းဖြင့် သင့်ကွန်ပြုတာမှာ ရှာဖွေတဲ့အခါမှာ အလွန်လျှင်မြန်စေမှာ ဖြစ်ပါတယ်။ ကြီးမားတဲ့ Hard Diskများမှာ Indexပြုလုပ်ရင် အချိန်အတော်ကြာမြင့်ပေမယ့် ထိုက်တန်တဲ့ ရလဒ်ကို ရစေမှာပါ။

Windowsမှာ နဂိုပါတဲ့ Disk Defragmenter Appကို သုံးနိုင်ပါတယ်။ တစ်ပတ်တစ်ခါ Defragmentation ပြုလုပ်ဖို့ Scheduleပြုလုပ်သင့်ပါတယ်။

11

သင့်ကွန်ပျူ တာကို Restart မကြာခဏလုပ်ပါ။

သင့်ကွန်ပျူ တာကို ဖွင့်ထားစဉ်မှာ Programsများဟာ အချိန်ကြာလာတာနဲ့ အမျှ Memoryကို ပိုမိုစားသုံးလာပါတယ်။ သင့်ကွန်ပျူ တာကို မကြာခဏပိတ်ပြီး ပြန်ဖွင့်ခြင်းဖြင့် နောက်ကွယ်မှာ Runနေတဲ့ Program or Appsများကြောင့် Memoryကုန်ဆုံးမှုများကို ကာကွယ်နိုင်မှာပါ။ အရေးကြီးတဲ့ Updateများကို မကြာခဏ အင်စတော လုပ်ပေးပါ။12
                                    credit. ဝင်းကမ္ဘာကျော်

Posted By Unknown6:42 AM

Saturday, June 21, 2014

Windows 8 gtalk မြန်မာလိုပေါ်အောင်လုပ်နည်း

ကျွန်တော့် windows 8 မှာမြန်မာလိုမပေါ်ဘူး.ပြောတဲ့သူငယ်ချင်းတွေရှိလို့နော်.....
video file လေးနဲ့ တင်ပေးလိုက်ပါတယ်..... စာနဲ့အသေးစိပ်တော့မရှင်းပြတော့ဘူးနော်...
အောက်မှာ Video
                   

Posted By Unknown5:41 AM

Friday, June 20, 2014

ကွန်ပျူတာအတွက်လုပ်ဆောင်ပေးသင့်တဲ့အချက် ၄ ချက်



၁.Window+R ကိုတွဲနှိပ်လိုက်ပါ.........
  ပြီးရင် recent ဆိုတဲ့စာသားလေးကိုရိုက်ထည့်ပါ..
  ပြီးရင် ctrl+A ကိုတွဲနှိပ်လိုက်ပါ....... ပြီးရင် Shift+Delete ကိုတွဲနှိပ်ပြီး ok ပေးလိုက်ပါ...
၂.Window+R ကိုတွဲနှိက်လိုက်ပါ............
   ပြီးရင် temp ဆိုတဲ့စာသားလေးကိုရိုက်ထည့်ပါ..
   ပြီးရင် ctrl+A ကိုတွဲနှိပ်လိုက်ပါ....... ပြီးရင် Shift+Delete ကိုတွဲနှိပ်ပြီး ok ပေးလိုက်ပါ...
၃.Window+R ကိုတွဲနှိက်လိုက်ပါ............
   ပြီးရင် prefetch ဆိုတဲ့စာသားလေးကိုရိုက်ထည့်ပါ...
   ပြီးရင် ctrl+A ကိုတွဲနှိပ်လိုက်ပါ....... ပြီးရင် Shift+Delete ကိုတွဲနှိပ်ပြီး ok ပေးလိုက်ပါ...
၎.Window+R ကိုတွဲနှိက်လိုက်ပါ.........
   ပြီးရင် %temp% ဆိုတဲ့စာသားလေးကိုရိုက်ထည့်ပေးပါ....
   ပြီးရင် ctrl+A ကိုတွဲနှိပ်လိုက်ပါ....... ပြီးရင် Shift+Delete ကိုတွဲနှိပ်ပြီး ok ပေးလိုက်ပါ...

Posted By Unknown6:09 AM

Thursday, June 19, 2014

Internet Download Manager မသုံးပဲကွန်ပျူတာက Youtube video ဒေါင်းချင်သူများအတွက်

Internet Download Manager မသုံးပဲကွန်ပျူတာက Youtube video ဒေါင်းချင်သူများအတွက် video file လေးနဲ့ post ပေးလိုက်ပါတယ်.. သိသူကျော်သွားပြီး မသိသေးတဲ့သူငယ်ချင်းတွေအတွက်ပါ......
                                          vidoe file Download Here

Posted By Unknown12:00 AM

Wednesday, June 18, 2014

Internet Download Manager မသုံးပဲကွန်ပျူတာက Facebook video ဒေါင်းချင်သူများအတွက်

Internet Download Manager မသုံးပဲကွန်ပျူတာက Facebook video ဒေါင်းချင်သူများအတွက် video file လေးနဲ့ post ပေးလိုက်ပါတယ်.. သိသူကျော်သွားပြီး မသိသေးတဲ့သူငယ်ချင်းတွေအတွက်ပါ......

                                   video file Down Here
                               Like ပေးခြင်းအားဖြင့်အားပေးပါ.....

Posted By Unknown10:42 PM

Wednesday, August 14, 2013

ကွန်ပျူတာမှာ Online Webcam Camera သုံးပြီး ဓာတ်ပုံရိုက်ကြမယ်

ကွန်ပျူတာမှာ  Online Webcam Camera  သုံးပြီး ဓာတ်ပုံရိုက်ကြမယ်
ကွန်ပျုတာရှေ့ ထိုင်းပြီး ပဲများနေပုံ အလုပ်များနေပုံကို အွန်လိုင်းကင်မရာဖြင့်

စတိုင်ကျကျရိုက်နိုင်ပါတယ် ။
Effect အမျိုးမျိုးနဲ့ စတိုင်အမျိုးမျိုး ရိုက်ရတယ်

အသုံးပြုချင်သူများ အောက်ကလင့်မှာ နှိပ်ပြီးရိုက်ကြည့်လိုက်ပါ...။
အဆင်ပြေပါစေ.............
အားလုံးအတွက် ...............

ငှက်ငယ်

Posted By Unknown5:33 AM

Thursday, August 1, 2013

Video ကို Wallpaper အသုံးပြုနည်း

ဓာတ်ပုံတွေကိုပဲသုံးရတာပြင်းစရာကောင်းပါ တခါတလေအပြောင်းအလဲလေးဖြစ်အောင်သုံးကြည့်ရအောင်ပါ VLC Player နဲ့သုံးတာပါ ရှိမယ်လို့ထင်ပါတယ် သူနည်းသူသုံးများတဲ့ Player ပဲကို
၁.VLC Player ကိုဖွင့်လိုက်ပါ
၂.Tools=>Preference ကိုသွားပါ(Ctrl+P နှင့်လည်းသွားနိုင်ပါတယ်)
၃.Directx Video Output ကိုရွေးပါ ကျတော်အောက်မှာပြထားတဲ့ပုံကိုကြည့်ပါ
၎.ပြီးရင် save လိုက်ပါ VLC ကိုပိတ်လိုက်ပါ ပြီးရင်ပြန်ဖွင့်ပါ (Restart ချတာပေါ့ဗျာ)
၅.ပြီးရင်မိမိ wallpaper အဖြစ်ထားချင်တဲ့ Video ကို VLC နှင့်ဖွင့်လိုက်ပါ
၆.နောက်ဆုံးအနေနဲကတော့ Video=>DirectX Wallpaper ကို နိတ်ပေးပါ
ကဲကျတော်တို့ Video  Wallpaper ကိုခံစားနိုင်ပါပြီ
ပြန်ဖြုတ်ချင်ရင် DirectX Wallpaper ကိုပဲထပ်နှိပ်ပေးပါ(Uncheck လုပ်ထာပေါ့ဗျာ)
This Post Is Written By Aung Myo Kyaw(www.tips4mm.tk)


Posted By Unknown11:15 PM

Wednesday, July 31, 2013

HOW TO MAKE FACE ZOMBIE !!! (ဖိုတိုရှော့စ်သင်ခန်းစာ)

                                       ဒါကတော့ ပြုပြင်ပြီးပုံပါ။

                                         ဒါကတော့ မပြုပြင်မီပုံပါ။

                                    ဒါကတော့မျက်နှာမှာအစားထိုးဖို့မရှိရင်ဒီမှာယူလိုက်
 ပုံကိုမမြင်ရရင် ပုံပေါ်နှိပ်ပြီးကြည့်ပါ။
 သူငယ်ချင်းတို့ကို ဒီတစ်ခါစိတ်ဝင်စားစရာ ဖိုတိုရှော့စ်နည်းပညာလေးတစ်ခုနဲ့မိတ်ဆက်
ပေးချင်ပါတယ်။ အခုချိန်ကလဲ ဗီဒီယိုကားဆိုရင် zombie | ဂိမ်းဆိုရင် zombie ဂိမ်းမှ
ကျွန်တော်သိသလောက်လေး ဓါတ်ပုံကို zombie လုပ်ကြည့်တာပေါ့။
သူငယ်ချင်းတို့စိတ်ဝင်စားမယ်ဆိုရင် ကျွန်တော်နဲ့အတူလိုက်လုပ်ကြည့်ရအောင်။

ပုံ 1။။ပထမဆုံးကိုယ်ပြုလုပ်မယ့် မျက်နှာပုံအရင်ယူလိုက်ပါ။ပြီးရင် မျက်နှာပေါ်မှာဒဏ်ရာလုပ်ဖို့
ပုံတစ်ပုံကို google မှာရှာလိုက်ပါ။ဒါမှမဟုတ်ရင်လည်း အပေါ်ကပုံကို ယူလိုက်ပါ။
 နံပါတ် ၁ ပြထားတဲ့အတိုင်း Lasso tool ကိုယူလိုက်ပါ။နံပါတ် ၂ ပြထားတဲ့အတိုင်း လိုသလောက်လေး
မောက်စ် ကိုဖိပြီး ၀ိုက်ယူလိုက်ပါ။


ပုံ2။။ ပုံကိုလိုသလောက် ၀ိုက်ယူပြီးသွားပြီဆိုရင် Select ကနေ Modify ပြီးရင် Feather ကိုယူလိုက်ပါ။


ပုံ 3။။ ပေါ်လာတဲ့ဘောက်ကနေ သှူုရဲ့တန်ဖိုးကို 20 ထားလိုက်ပါ။


ပုံ 4 ။။ ပြီးသွား၇င် ခုနက Lasso tool နဲ့ဖြတ်ထားတဲ့ပေါ်မှ Ctrl+C နှိပ်ပြီးကော်ပီလုပ်ပါ။
ပြီးရင် မျက်နှာပေါ်မှာ Ctrl + V နှိပ်ပြီး ပိတ်လုပ်လိုက်ပါ။ပြီးရင် Move tool လေးကိုယူပါ။
ခုနကကော်ပီ ယူလာတဲ့ဟာမှာခေးထောင်ဘောင်အကွက်ပေါ်လာပါမယ်။ တကယ်လိုသူငယ်ချင်းတို့
ရဲ့ဖိုတိုရှော့စ်မှာပေါ်မလာဘူးဆိုရင် အပေါ်ဘာတန်းလေးမှာ Auto ဆိုတဲ့အရှေ့မှာအမှန်ချစ်လေး
ထည့်လိုက်ပါ။ပြီးတော့သူ့နောက်မှာရှိတဲ့ Show ဆိုတဲ့အကွက်မှာရောထည့်လိုက်ပါ။ ရပြီဆိုရင်
လက်ပြထားတဲ့ထောင့်လေးကို မောက်စ်လေးကိုဖိပြီး လိုသလိုအကြီးအသေးချိန်လိုက်ပါ။
မောက်စ် မဖိခင်အရင်ဆုံး ကီးဘုတ်ကနေ Shift ကီးကိုဖိထားဖို့လိုပါတယ်။ဒါမှအချိုးစားညီမှာပါ။
လွှတ်ရင်လည်း မောက်စ် ကိုအရင်လွှတ်ပါ။ အိုကေ...ဆက်သွားမယ်။


ပုံ 5 ။။နေရာချထားပြီးရင် နံပါတ် ၁ ပြထားတဲ့အတိုင်း Image ကနေ Adjustments ပြီးရင်
နံပါတ် ၂ ပြထားတဲ့အတိုင်း Color Balance ကိုယူလိုက်ပါ။


ပုံ 6 ။။ဒီလိုဘောက်လေးကျလာပါမယ်။ အဲ့ဒီမှာ ပုံမှာပြထားတဲ့အတိုင်း -19 +16 +1 ထားလိုက်ပါ။
ပြီးရင်အိုကေနော်။


ပုံ 7။ ။ပြီးရင် နံပါတ် ၁ ပြထားတဲ့အတိုင်း Image ကနေ နံပါတ် ၂ ပြထားတဲ့အတိုင်း
Brightness/Contrast ကိုယူလိုက်ပါ။


ပုံ 8။။ ကျလာတဲ့ဘောက်ကနေ -32 -13 လောက်ထားလိုက်ပါ။မမြင်ရရင်ပုံကိုကလစ်ပြီးကြည့်ပါ။


ပုံ 9 ။။ ဒီအဆင့်တွေပြီးသွားရင် အပေါ်ကအဆင့်တွေအတိုင်းပဲ နောက်ထပ် ဒဏ်ရာပုံထဲကနေ
မိမိအဆင်ပြေမယ်ထင်တဲ့နေရာလေးတွေကို ဖျတ်ယူပြီး ခုနအဆင့်တွေအတိုင်းပဲ ယူယူပြီး
ထားသွားလိုက်ပါ။ ပုံ 1 ကနေ 8 ထိအတိုင်းပဲနော်။ 1 ခုချင်းလိုက်ပြနေရင်ပုံတွေများသွားလိမ့်မယ်။


ပုံ 10။။ ရပြီဆိုရင်ဒီအဆင့်မှာ မျက်လုံးကိုကာလာပြောင်းပါမယ်။နံပါတ် ၁ ပြထားတဲ့အတိုင်း
Brush tool ကိုယူလိုက်ပါ။ ပြီးရင် နံပါတ် ၂ ပြထားတဲ့အတိုင်း ကာလာနေရာမှ အ၀ါရောင်လေး
ယူလိုက်ပါ။ နံပါတ် ၃ ပြထားတဲ့အတိုင်း သူ့ရဲ့အရောင်တန်ဖိုးကို 2ခုလုံးနော် 40%လောက်ထားပါ။
ပြီးရင်မျက်လုံးထဲက မျက်စံအမည်းဝိုင်းလေးကိုပဲ အ၀ါရောင်ချယ်ပေးလိုက်ပါ။


ပုံ 11။။ဒီအဆင့်မှာတော့ လက်ပြထားတဲ့ Layer တွေကို တစ်ခုချင်းကီးဘုတ်ကနေ Shift ကီး
နှိပ်ပြီး တစ်ကွက်ချင်းအကုန်လိုက်နှိပ်ပေးပါ။


ပုံ 12။။ အကုန်လုံး ပြီးသွးပြီဆိုရင် အဲ့ဒီ့ပေါ်မှာ ညာကလစ်နှိပ်လိုက်ပါ။ပေါ်လာတဲ့ဘောက်ကနေ
လက်ပြထားတဲ့နေရာ Duplicate Layer ကိုနှိပ်လိုက်ပါ။


ပုံ 13 ။။ အဲ့ဒီမှာ အကွက်တွေနောက်ထပ်တိုးလာပါမယ်။တိုးလာတဲ့အကွက်တွေထဲမှာ
Background copy ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါ။


ပုံ 14 ။။ပြီးရင် Image ကနေ Adjustments ပြီးရင် Hue/Saturation ကိုနှိပ်လိုက်ပါ။


ပုံ 15။။ ပေါ်လာတဲ့ဘောက်ကနေ အရင်ဆုံးလက်ပြထားတဲ့နေရာမှ Colorize ကို
အမှန်ချစ်ပေးလိုက်ပါ။ပြီးရင် တန်းဖိုးကို 82  15  -1  ထားလိုက်ပါ။ကိုယ်ကြိုက်သလို
ချိန်ကြည့်ပေါ့နော်။ ဘယ်လိုကာလာလေးဆိုရင်ဒီဇိုင်းပိုလှမလဲပေါ့။


ပုံ 16 ။။ အားလုံးပြီးသွားရင် Save as လုပ်လိုက်ရုံပါပဲ။

                                             အားလုံးအဆင်ပြေကြပါစေ။
                       ဖိုတိုရှော့စ်နဲ့ပတ်သက်တဲ့သင်ခန်းစာများကို ဖိုတိုရှော့စ်သင်ခန်းစာများ
        ဆိုတဲ့ခေါင်းစဉ်ထဲမှာ သွားရောက်လေ့လာဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

                                            Credit; ခင်မောင်စိုး

Posted By Unknown5:03 AM

Sunday, July 28, 2013

Computer ကိုလေးစေသည့် Window Logs များဖြေရှင်းနည်း

                                             
  လွင်မင်းဗိုလ် ( နည်းပညာ ) ဆိုဒ်မှ မျှဝေလိုက်တာပါ....။
              ကျနော်တို့ရဲ့ ကွန်ပျူတာမှာ Windows logs များကိုရှင်းပေးဖို့လည်း လိုအပ်ပါတယ်..။ Windows logs များလာရင် စက်ကိုလေးစေပါတယ်..။ ကွန်ပျူတာရဲ့ မောက်စ့်ကို တခါတောက်တိုင်း ကွန်ပျူတာရဲ့ ဦးနှောက်ဟာ တခါလိုက်မှတ်ထားပေးပါတယ်..။ နောက်ပြီး Windows Error တွေနဲ့ ဆော့ဝဲလ် Error တွေအားလုံးကို ကွန်ပျူတာရဲ့ ဦးနှောက်က လိုက်မှတ်ထားပေးပါတယ်..။
            အဲလိုလိုက်မှတ်တာများလာတော့ စက်ကအမှားတွေလည်း ပိုများလာပါတယ်..။ ကျနော်တို့က ကွန်ပျူတာဦးနှောက် လိုက်မှတ်ထားတဲ့ ဟာတွေအားလုံးကို ရှင်းပေးလိုက်ခြင်းဖြင့် ကွန်ပျူတာနဲ့ ဦးနှောက်ကို လန်းဆန်းစေပါတယ်..။ စက်ကိုပိုမိုသွက်လက်စေပါတယ်..။
          Windows logs တွေရှင်းပြီးရင်တော့ Desktop မှာ Right Click ထောက်ပြီး Refresh ကို လေးငါးခါလောက် တောက်ပေးလိုက်ပါ..။ ဒါမှမဟုတ် ကီးဘုတ်မှ F5 ကို လေးငါးခါ နှိပ်ပေးလိုက်ပါ..။ ဒါဆိုရင်တော့ မိမိတို့ရဲ့ ကွန်ပျူတာဟာ လန်းဆန်းတက်ကြွစွာနဲ့ အလုပ်လုပ်နေပါပြီ..။
           ဒီနည်းလေးကလည်း နေ့စဉ် ကွန်ပျူတာသုံးတိုင်း လုပ်ပေးသင့်တဲ့ အလုပ်တစ်ခုပါပဲ..။ Windows logs ရှင်းနည်းကတော့ အောက်ကပုံလေးတွေ အတိုင်းပါပဲ..။ လိုက်လုပ်ကြည့်လိုက်ပါဗျာ..

   1-    ပထမဆုံး   My Computer  မှာ  Right Click ထောက်လိုက်ပြီး  Manage ကို နှိပ်ပါ..။
               2-  ပြီးတော့ System Tools ရှေးက သုံးထောင့်မြားလေးကို နှိပ်ပါ...
              3-  ပြီးတော့ Event Viewer ရှေးက သုံးထောင့်မြားလေးကို နှိပ်ပါ..။
               4-  Windows Log  ကို ထပ်နှိပ်ပါ...။


                         5 - Windows Log အောက်က စာကြောင်း 5 ခုရှိပြီး တစ်ခုချင်းစီရဲ့ ရှေးကို
                              Right Click ထောက်ပြီး
                       6 -  Clear Log............... နဲ့ ဖျက်လိုက်ပါ..။

                            Windows Logs များ ရှင်းလင်းပြီးရင် ဒီလို ပုံစံ အတိုင်းမြင်ရပါပြီ...။

                                အားလုံး အဆင်ပြေပါစေ.............................

Posted By Unknown6:29 AM

Wednesday, July 24, 2013

Windows password မေ့တတ်သူများအတွက်


window password ကိုမေ့တတ်တယ်လို့ထင်ရင်ဒီလိုလေးလုပ်ထားတာအကောင်းဆုံးပါ.
ကိုယ့်ကွန်ပြူတာကိုအခုပြောပြမယ့်နည်းအတိုင်းလေးလုပ်ထားပြီး
password မေ့သွားရင် အရင်ပေးထားတဲ့ password ကို reset ပြန်ချလို့ရပါတယ်..
ဒီလိုလုပ်ဖို့အတွက်ကိုယ့်မှာ usb stick တချောင်းလိုပါတယ်..
နောက်ပြီးကိုယ့်ကွန်ပြူတာကလဲ window 7 ဆိုရင်ပိုအဆင်ပြေပါတယ်..
ဘာကြောင့်လဲဆိုတော့ကျတော်ခုပြောပြမှာက window 7 မှာမို့လို့ပါ..

ပထမဆုံး start ကိုနှိပ်ပြီး control panel ကိုဖွင့်ထားလိုက်ပါ..အဲ့ဒီမှာပုံထဲကလို user account မှာနှိပ်ပါ..

ပြီးရင်ပုံထဲကအတိုင်းအဆင့်ဆင့်လုပ်ဆောင်သွားပါ..
 ဒီနေရာမှာကိုယ့်ရဲ့ USB Stick ကိုထည့်ထားရပါမယ်..

 Current user account password ဆိုတဲ့နေရာမှာအခုလောလောဆယ်ကိုယ်ပေးထားတဲ့ window password
ကိုထည့်ပေးပါ..

ဒါတွေအားလုံးပြီးရင်တော့ပြီးပါပြီ..
ကျတော်တို့အခုလုပ်ထားတဲ့ ကောင်ကဘယ်လိုအလုပ်လုပ်လဲဆိုတာကြည့်ရအောင်..
အခုကျတော့် window password ကိုမေ့သွားပြီဆိုပါတော့..



 ဒီနေရာမှာ password အသစ်ရိုက်ထည့်ပါ..မောက်ဆုံးက password hint ဆိုတာကမှားရင်ပြန်ရိုက်ခိုင်းတဲ့
အကြိမ်အရေအတွက်ပါ..

ပုံထဲကအတိုင်းလိုက်လုပ်ကြည့်ပါ..တကယ်ရပါတယ်...မေ့တတ်တယ်ဆိုရင်လုပ်ထားပေါ့..

Posted By Unknown7:26 AM

 
Twitter Bird Gadget