သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, March 27, 2013

Gmail,Gtalk Password ပြောင်းနည်းကာကွယ်နည်း & Browser cleaner Portable 1.2 Build





မိမိ Gmail Accounts password ကို Hack ခံရတယ်ဆိုရင် ဘယ်လိုလုပ်မှာလဲ?
ပြီးတော့ မိမိ Gmail, password ကိုဘယ်လုံခြုံဖို့အတွက်ဘယ်လိုလုပ်မှာလဲ?
မိမိ Gmail, Gtalk အကောင့် ဘယ်လိုပြောင်းလဲဖန်တီးနိုင်မှာလဲ?
အောက်မှာလေ့လာကြည့်ကြရအောင်....

 အင်တာနက်ဆိုင်မှာ သွားသုံးရင် Keylogger လိုသုံးထားတာမျိုး (သို့) အင်တာနက် Browser တွေကနေတဆင့် Password တွေကို Auto Save ခိုင်းထားတာမျိုး တွေကနေ တဆင့် မိမိ အကောင့်ရဲ့ Password ကို သိသွားရင်လည်း Gmail Password ကို အချိန်မရွေး လွယ်ကူစွာပြောင်းပစ်နိုင်ပါသေးတယ်...

ကာကွယ်တဲ့ အနေနဲ့ Recover Mail နဲ့ Password ကို အောက်ပါနည်းလမ်းအတိုင်း ပြန်ပြောင်းထားလိုက်ပါ...

ပထမဆုံး ဒီနေရာကနေ မိမိတို့ Gmail နဲ့ Password ကို ထည့်ပြီး Sing in လိုက်ပါ...



Gmail ပွင့်လာရင် ပုံမှာပြထားတဲ့အတိုင်း Setting ကို နှိပ်ပါ..။



Accounts and Import ကို နှိပ်ပါ...



နံပါတ် (1) က အဝါရောင်နဲ့ ပြထားတဲ့ နေရာတွေကို တစ်ခုချင်း နှိပ်ပြီး Password , Recovery Mail တွေကို ပြောင်းပေးလိုက်ပါ...

နံပါတ် (2) ကတော့ မိမိ နာမည်ကို မြန်မာလို ပြင်ရေးနိုင်ပါတယ်..။



Current Password >> လက်ရှိ Login ဝင်ထားတဲ့ Password ကို အပေါ်ကအကွက်မှာ ရေးထည့်ပါ..

New Password >> မှာ မိမိပြောင်းလဲမဲ့ Password အသစ်ကို ရေးထည့်ပါ... အဲ့ဒီ Password ကိုပဲ အောက်က Confirm Password မှာ နောက်တစ်ခေါက် ပြန်ရေးထည့်ပေးလိုက်ပါ..။

အားလုံးပြီးသွားရင် Change Password ကို နှိပ်ပေးလိုက်ပါ..။


Recover Mail ကိုလည်း ပုံမှာ ပြထားသလို Edit ကို နှိပ်ပြီး တခြား Email လိပ်စာတစ်ခုခု ရေးထည့်ပေးလိုက်ပါ...။ ဒီ Recovery Mail ကအရေးကြီးပါတယ်... အကြောင်း တစုံတရာကြောင့်(Password မေ့သွားတာမျိုး) ဖြစ်စေ Hack ခံရလို့ဖြစ်စေ.... ဒီ Recovery Mail နဲ့ မိမိ Gmail Account ကို ပြန်လည်ရယူနိုင်ပါလိမ့်မယ်....

နောက်တစ်ခုက ကိုယ်ပိုင် ကွန်ပျူတာမသုံးနိုင်လို့ အင်တာနက်ဆိုင်မှာ သွားသုံးနေတဲ့သူတွေအတွက်ပါ...
တချို့အင်တာနက် Browser တွေက Password တွေကို Auto မှတ်သားထားတတ်ကြပါတယ်... Password တွေဟာ အဲ့ဒီ Browser ထဲမှာ ကျန်ခဲ့နိုင်ပါတယ်... အဲ့ဒီ အတွက်တော့ အောက်မှာတင်ပေးလိုက်တဲ့ Software လေးကို Stick ထဲထည့်ထားပြီး ဆောင်ထားလိုက်ပါ.... Software လေးကို ကွန်ပျူတာမှာတပ်ပြီး Run လိုက်ပါ.. ပုံမှာလို အားလုံးကို အမှန်ခြစ်လေးတွေတပ်ပေးပြီး Clean Now ကိုနှိပ်ပေးပြီး မိမိ အင်တာနက်ထဲမှာ မွှေခဲ့သမျှ History တွေကို အပြတ်ရှင်းပေးလိုက်ပါ....။


ဒါဆိုရင် မိမိ တို့ရဲ့ Password ကိုတွေ ဆိုင်မှာ မကျန်ခဲ့နိုင်တော့ပါဘူး...။

အားလုံးအဆင်ပြေကြပါစေ...

Browser Cleaner Portable 1.2 Build 0.102

0 comments:

 
Twitter Bird Gadget