သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, March 27, 2013

Shortcut Icon ပြဿနာအကျယ်ရှင်းလင်းချက်(ဖြေရှင်းနည်း)

Desktop ပေါ်မှာရှိတဲ့Icon မှန်သမျှက Windows Media Player ပုံတွေချည်းဖြစ်ကုန်ပါတယ်။ Folder တွေကလွဲပြီးဘားမှဖွင့်မရတော့ပါ။ ဆိုင်သွားပြတော့လဲ Virus ကိုက်တာကြောင့်ဖြစ်တာ..Windows ပြန်တင်ရမယ်လို့ပြောပါတယ်..အရေးကြီးတဲ့Data တွေရှိတဲ့အတွက် Windows ပြန်မတင်ချင်ပါဘူးခင်ဗျာ..... ဒီလိုအဖြစ်မျိုးတွေကြိုခဲ့လို့ရှိရင်အောက်က အတိုင်းလုပ်လိုက်ပါ. windows ပြန်တင်စရာမလိုဘူး..


Desktop ပေါ်မှာရှိနေတဲ့Software တွေရဲ့ Icon ကို Right Click ထောက်ပြီး Open With
ကိုနှိပ်ကာ Program
တစ်ခုကို ရွေးချယ်မိလိုက်သောကြောင့်..Icon တွေအကုန်လုံးဟာ ရွေးချယ်ထားတဲ့ Program
ပုံတွေဖြစ်ကုန်တော့တာပါဘဲ..ဒါဟာဘာကြောင့်လဲဆိုရင်

(၁) Windows 7 ရဲ့ Registry မှာ Shortcut Icon ပိုင်းဆိုင်ရာပြောင်းလဲမှု

အားနည်းနေခြင်း(Exploit)

(၂) အသုံးပြုသူရဲ့ ဝေဖန်ပိုင်းခြားနိုင်မှုမရှိခြင်း..ဥပမာProgram Icon မှန်းမသိ.. Folder or Files
မှန်းခွဲခြားမသိမှုတွေကြောင့်ဖြစ်ပါတယ်။

အထက်ပါ အချက် နှစ်ချက်မှာ ဒုတိယအချက်ကို မပြောတော့ပါဘူး..ပထမအချက်ကိုဘဲပြော

ပြပါ့မယ်..ဒီလိုမျိုးဖြစ်နေတဲ့ ပြသနာမျိုးက Windows 7 တွေမှာဘဲဖြစ်တာပါ..တစ်ချို့က
ဒီလိုဖြစ်တာဟာ Virus ထိတာလို့ပြောကြပါတယ်..(ဒါလုံးဝမမှန် ရမ်းရွှီးတာပါ)…တစ်ချို့ကလဲ

ဒီလိုဖြစ်ရင် System
Restore ပြန်လုပ်လိုက်ကြပါတယ်..ခဏတာတော့ ကောင်းသွားပါရဲ့..မကြာပါဘူး ဖြစ်မြဲက ဖြစ်မြဲအတိုင်းပါဘဲ။
ဒီတော့ Open with လုပ်တိုင်း ဒီ Program Icon တွေက
အကုန်ပြောင်းနေတော့မှာပါဘဲ..ဒါကတော့ Windows 7 ရဲ့အားနည်းချက်ပါ။Microsoft က
သူ့ရဲ့
ထုတ်ကုန်အားနည်းချက်ကို ပြုပြင်ပေးတဲ့အနေနဲ့ Registry Code
တစ်ခုထုတ်ပေးခဲ့ပါတယ်..ဒါကို
အသုံးပြုလိုက်ခြင်းအားဖြင့်Program ပေါ် Right Click ထောက်ပြီး Openwith လုပ်မိတဲ့အခါမှာ
Icon တွေအကုန်လုံးက ဘားမှပြောင်းလဲတော့မှာမဟုတ်ပါဘူး..ဒါကြောင့် ဒီလို
အဖြစ်မျိုးကြုံတွေ့နေရတယ်ဆိုရင်.

 Registry Code တွေကိုအောက်မှာရှိပါတယ်။ဒီလိုWindows 7 မှာဖြစ်နေတဲ့

Icon ပြောင်းလဲခြင်းပြသ နာကို ကွန်ပျူတာ Services ဆိုင်တော်တော်များများကVirus

ဟုအကြောင်းပြကာ

ဝင်းဒိုးစ် ပြန်တင်ခြင်းများ ပြုလုပ်နေကြပါတယ်…ဒါလုံးဝမဖြစ်သင့်တာပါ..၀င်းဒိုးစ်
တစ်ခါပြန်တင်ရင်လဲ ငါးထောင် ဒါမှမဟုတ်
ရှစ်ထောင်လောက်တောင်းနေတာပါ..ကိုယ်တိုင်တင်တတ်တဲ့သူတွေ
အတွက်လဲ ပြန်တင်စရာမလိုဘူး..ဒီလိုကောင်းအောင် ပြန်လည်ပြုပြင်လို့ရတယ်ဆိုတာ
အချိန်ကုန်သက်သာစေချင်ပါတယ်. ကိုယ့်ပတ်ဝန်းကျင်မှာလဲ ဒီလိုအဖြစ်အပျက်
မျိုးကြုံလာခဲ့လို့ရှိရင်လည်း စေတနာနဲ့အနည်းဆုံး နှစ်ထောင်လောက်တောင်းပြီး
ကူညီပေးလိုက်ပေါ့ဗျာ. ကဲ..ဆက်ကြည့်ပါဦး..။

အသုံးပြုပုံ

ကြိုက်ရာ Link ကနေ Registry Code ကို Download ချပါ။
Download ==> SolidfilesMirror

Download ချလို့ရလာတဲ့ဖိုင်ထဲက Amc.bat ကိုအရင်နှိပ်ပါ။ အမည်းရောင်
Box လေးဖျက်ခနဲ့တက်လာပြီး ပိတ်သွားပါလိမ့်မယ်။ ပြီးတာနဲ့ Exe.reg ကိုClick ပါ။

Yes or No မေးရင် Yes ပေးလိုက်ပါ။ Error တက်လာရင် OK ပေးလိုက်ပါ။ ပြီးရင် ကွန်ပျူတာကို

Restart ချပေးလိုက်ပါ။ စက်ပြန်တက်လာတာနဲ့ Desktop ပေါ်မယ်ရှိတဲ့Icon တွေဟာ မူလ

Program Icon တွေအတိုင်းပြန်ဖြစ်နေပါလိမ့်မယ်။ အဲဒီအပေါ်ကို Right Click >> Open With

လုပ်ကြည့်လိုက်ပါဦး… အခြားProgram တွေပြောင်းလဲတော့မှာမဟုတ်ပါဘူးခင်ဗျာ…။ 
       
         အားလုံးပဲ အဆင်ပြေပါစေဗျာ.. ကိုဝင်းကမ္ဘာ ဆီကနည်းပညာလေးပါ...

0 comments:

 
Twitter Bird Gadget