Weblog
ဆိုတာကို ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ Jorn Barger ဆိုသူက
ဝေါဟာရအဖြစ် စတင်သုံးစွဲခဲ့တယ်။ ဒါကို Peter Merholz ဆိုသူက We Blog
လို့အပြောင်အပျက် ပြောဆိုပြီး သူ့ရဲ့ကိုယ်ပိုင် Peterme.com မှ
ရေးသားရင်း အတိုကောက် ဝေါဟာရအဖြစ် Blog လို့ ဖော်ပြခဲ့ရာက စခဲ့ရင်း
နောင်အခါ အင်တာနက်ပေါ်မှာ ဝါသနာတူတွေ ရေးသားကြလေ့ ရှိတဲ့ နေရာကို Blog
ဆိုတာကို ပြောလိုက်တာနဲ့ အားလုံးနားလည် သိရှိတဲ့အရာ ဖြစ်သွားတော့တယ်။ ဒီလို
ရေးသားကြသူတွေကိုလည်း Blogger လို့ ပြောဆို သတ်မှတ်လိုက်ကြတယ်။
လုပ်ဆောင်စရာ လုပ်ငန်းတစ်ခုကို လုပ်ကိုင်ခွင့်ရနိုင်ဖို့ ပထမဆုံး
နည်းပညာအနေနဲ့ ရှိခဲ့ရတယ်။ ဒီနည်းပညာကို အကြောင်းပြုပြီး လူမှုဘဝမှာ
တိုးတက်ပြောင်းလဲမှုတွေ ရှိသွားတယ်။ Blog လုပ်ငန်းစဉ်တွေ ပေါ်ပြူလာ
မဖြစ်လာမီမှာ ဒီဂျစ်တယ် အသိုင်းအဝိုင်းတွေမှာ Usenet အပါအဝင် ပုံစံအနေအထား
တော်တော်များများ ပေါ်ထွန်းခဲ့ပါသေးတယ်။ ဒါကို GEnie/ BiX/ Compu Serve/
e-mail list/ Bulletin Board System (BBS) တို့လို အွန်လိုင်းဆားဗစ်တွေက
လုပ်ကိုင်ခွင့် ပေးခဲ့တယ်။ ၁၉၉၀ ခုနှစ်တွေ ရောက်တဲ့အခါ Internet forum
တွေနဲ့ အပြန်အလှန် ပြောဆိုခွင့်ရှိတဲ့ Threads ဆိုတာတွေ ဖန်တီးယူခဲ့ကြတယ်။
Virtual Cardboard တစ်ခုပေါ်မှာ သတင်းအတိုအထွာလေး အကြောင်းအရာအလိုက်
ဝင်ရောက်ရေးသား ပြောဆိုနိုင်တယ်။
ဒီနေ့ခေတ် Blog ဆိုတာက အွန်လိုင်းဒိုင်ယာရီကနေ ပါဝင်ပတ်သက်လာခဲ့တာ ဖြစ်တယ်။ ဒီလိုရေးသားကြည့်ကြရင်း ရေးသားသူ ကိုယ်တိုင်က ကိုယ့်ကိုယ်ကို dianists/ journalists/ journalers စသလို ခံယူ သတ်မှတ်ကြသူတွေလည်း တော်တော်များများ ရှိခဲ့တယ်။ ခေတ်ဦးပိုင်းက Blogs ဆိုတာတွေက ရိုးရိုးရှင်းရှင်းစာတွေ ဝင်ရေးကြတာဖြစ်ပေမယ့် နောက်ပိုင်းကာလတွေမှာ နည်းပညာသုံး ကိရိယာတွေကိုပါ အသုံးချပြီး စာရွက်စာတမ်းပုံစံတွေကို ချပြပေးပြီး ဗီဒီယို ပုံစံတွေနဲ့ လုပ်ကိုင်ကြတာမျိုးအထိ ရှိလာပါတယ်။ Blog ကို အမျိုးအစားပုံစံ အမျိုးမျိုးနဲ့ တွ့မြင်နိုင်တယ်လို့လည်း ပြောလို့ရပါတယ်။ ယေဘုယျသဘောအရ အကြောင်းအရာပေါ် မူတည်ပြီး ရေးသားကြတယ် ဆိုပေမယ့် အနေအထားပုံစံ သဘာဝပေါ် မူတည်ပြီး ကွဲပြားခြားနားမှုတွေ ရှိနိုင်တယ်။ တစ်ကိုယ်ရေ ပုံစံပြု Blogs တွေ ရှိနိုင်သလို ကော်ပိုရေးရှင်း အဆင့်ဝင်၊ အဖွဲ့အစည်းကြီး အဆင့်ဝင် Blogs တွေလည်း ရှိနိုင်တယ်။ အကြောင်းအရာကို ယေဘုယျအားဖြင့် ဆိုညွှန်းကြပေမယ့် တစ်ခါတစ်ရံ အမျိုးအစားအလိုက် မီဒီယာပုံစံအလိုက်နဲ့ ကိရိယာပစ္စည်းအလိုက် ခွဲခြားထားမှုတွေ ရှိကြတယ်။ ဒါ့အပြင် တစ်ဦးတစ်ယောက်ရဲ့ အာဘော်ကို အခြေခံထားတာမဟုတ်ဘဲ တစ်ဦးချင်းအာဘော်ကို စုစည်းထားကြတဲ့ Web forum နဲ့ အလားသဏ္ဌာန်တူတဲ့ Reverse blogs ဆိုတာလည်း ရှိနိုင်ပါတယ်။
ဒီထက်မက ကျယ်ကျယ်ပြန့်ပြန့် မြင်လာတာကတော့ အသိုင်းအဝိုင်းအနေအထား စာရင်းပြုစုထားရှိတဲ့ အနေအထားတွေ ရှိလာပြန်တယ်။ ဆိုလိုတာက Blog sphere တို့၊ Blog search engines တို့ blogging communites/ direction တို့ advertising တို့ ရှိလာတာပဲ ဖြစ်တယ်။ သုတေသနပညာရှင်တွေက Blogs တွေ ဘယ်လို ပေါ်ပြူလာ ဖြစ်လာတာလဲ ဆိုတာကို အသေအချာ စမ်းစစ် လေ့လာကြည့်ကြရတဲ့ အထိ အနေအထား ရှိခဲ့တယ်။ ကိုးကားစရာ ဖြစ်လာရတာကြောင့်လား ဆက်သွယ် ပေါင်းစည်းမှုတွေရဲ့ အကျိုးဆက်လား ဆိုတာ လေ့လာစူးစမ်းသူတွေ အတွက် စိတ်ဝင်စားစရာ အမှန်တကယ် ဖြစ်စေခဲ့ပါတယ်။ အခြေခံသဘောကို လေ့လာပြီး မှတ်ချက်ချကြည့်မယ် ဆိုရင် Blogrolls နဲ့ permalinks ကြောင့်လို့ ပြောနိုင်ပါလိမ့်မယ်။ အထင်ကရ အဖွဲ့အစည်းကြီးဖြစ်တဲ့ MITMedia Lab မှာ ရှိတဲ့ သုတေသနပညာရှင်တွေက Blogdex စီမံကိန်းဆိုပြီး လုပ်ကိုင်ရင်း Blogs တွေအကြောင်းကို သုတေသနပြု လေ့လာခဲ့ကြတယ်။ ဒါပေမဲ့လည်း ဒီစီမံကိန်းကို အကြာကြီး မလုပ်ဖြစ်ခဲ့ပေ။ ၄ နှစ်ကြာတဲ့ အထိ Blog community ကို လေ့လာဖြစ်ကြတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အလားတူလုပ်ငန်းစဉ်တွေကို tailrank.com ကနေ Blogs တွေကို မျက်ခြည်မပြတ် လေ့လာပြီး အဆင့်များ သတ်မှတ်ပေးနေတာကို တွေ့လာကြရပြန်တယ်။ ၂၀၀၆ ခုနှစ်မှာတော့ Technorat: ဆိုတာကို ဖွဲ့စည်းပြီး blog တွေကို အဆင့် သတ်မှတ်ပေးတဲ့ နေရာအဖြစ် ထပ်တွေ့လာတယ်။ တရုတ်နိုင်ငံက သရုပ်ဆောင်မင်းသမီး Xu Jinglei ကို အကြောင်းပြုပြီး အင်တာနက်ပေါ်မှာ Blog အချင်းချင်း ချိတ်ဆက်မှု အရှိဆုံး နေရာလည်း ဖြစ်ခဲ့တယ်။ တစ်နည်းပြောရရင် blog community ဆိုတာ အွန်လိုင်းပေါ်မှာ ရှိနေတဲ့ စာနယ်ဇင်းသမားတွေရဲ့ စုစည်းရာနေရာလို့ ရှုမြင်နိုင်တယ်။ အဲဒီမှာ ပါဝင်ရေးသားသူတွေက လူ့ဘောင်လောကအတွက် မရှိမဖြစ် ရှိနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစတဲ့ ကိစ္စရပ်တိုင်းနဲ့ ပါဝင်ပတ်သက်သူတွေ ဖြစ်တယ်။ ဒီလို ရေးသားကြသူတွေ အားလုံးကို blogger လို့ပဲ နားလည်ထားကြတယ်။ blog မှာပါဝင်ကြပြီး အကျိုးဆက်တွေ ဖြစ်ထွန်းခံစားခွင့် ရသူတွေရှိတတ်သလို မလိုလားအပ်တဲ့ အရေးအခင်းလေးတွေကို တွေ့ကြရတယ်။ ဒီအခါမှာ ကိုယ်ရေးကိုယ်တာ ကိစ္စတချို့နဲ့ နိုင်ငံအုပ်ချုပ်ရေး ကိစ္စတချို့မှာ အခက်အခဲတွေ ဖြစ်သွားစေနိုင်တယ်။
ဆိုလိုတာက blog
ဆိုတဲ့ နည်းပညာတစ်ခု ဖန်တီးပေးခဲ့ရာကနေ အပြောင်းအလဲတွေ အများကြီး
ဖြစ်ခဲ့ကြရတယ်။ ရလာတဲ့ ရလဒ်တွေကလည်း အကောင်းအဆိုး ဒွန်တွဲနေတယ်။
အသုံးပြုမှုမှားရင် ဘေးဖြစ်နိုင်သလို မှန်ကန်ရင် ဆေးဖြစ်နိုင်တယ်။ Blogs
တွေကို အကြောင်းပြုပြီး ကြော်ငြာလုပ်ငန်းတွေ အနေနဲ့
ဈေးကွက်ဖန်တီးခွင့်တွေလည်း ရသွားကြတယ်။ ပိုပြီး အဆင်ပြေတာက
Consumer-generated advertising တွေ ရှိလာတာ ဖြစ်တယ်။ Blogger အချင်းအချင်း
ပစ္စည်းတစ်ခုခုအတွက် အကောင်းအဆိုး ဝေဖန်ပြောကြားရင်း ကြော်ငြာပေးလိုက်သလို
ဖြစ်သွားစေတယ်။ အသုံးပြုသူတွေရဲ့ ထောက်ခံပြောဆိုချက်ကြောင့် ဈေးနှုန်း
ကြီးမြင့်လှပါတယ် ဆိုတဲ့ ပစ္စည်းတွေ ဖြစ်လင့်ကစား အရောင်းသွက်သွားတဲ့အထိ
မြင်တွေ့ကြရတယ်။ ဒီအတွက် တချို့ Blogs တွေမှာ Sponsered posts တွေ
ပါဝင်လာတာကိုလည်း တွေ့ကြရတယ်။ ယုံကြည်မှု မယုံကြည်မှုတွေမှာ ကိုယ်ပိုင်
အဆုံးအဖြတ်ဖြစ်တဲ့အတွက် Blogs နဲ့ ပတ်သက်ပြီး ဆေးဗန်းထဲက ဆေးတွေ
အများကြီးကို မြင်တွေ့နေရသလို အနေအထားမျိုး ရှိတာကြောင့် Blogs ကြောင့်
လောကကြီးကို အပြောင်းအလဲ ဖြစ်စေခဲ့ပါတယ်လို့ပဲ အတိအကျပြောနိုင်ပြီး Blogs
တွေကို ရှိသင့် မရှိသင့် အကောင်းအဆိုး စသလို သတ်မှတ်ချက်တစ်ခုခု အနေနဲ့
လေ့လာပြောဆိုဖို့ ခက်ခဲပါကြောင်း တင်ပြပေးလိုက်ပါတယ်။
စမ်းဝေသူ
စမ်းဝေသူ
0 comments:
Post a Comment