Windows on/off မှာ မိမိနှစ်သက်ရာ သီချင်းလေးတွေနဲ့ ဖွင့်ချင် ပိတ်ချင်ရင်
Windows 7 On /Off မှာ မိမိတို့ နေ့စဉ်ကြားနေကျ
အသံလေးတွေ ရိုးအီနေပြီလား။ ဒါဆိုရင်တော့ မိမိကြိုက်နှစ်သက်ရာ
သီချင်းသံတွေနဲ့ အစားထိုး ပြောင်းလဲလို့ရပါတယ်။ ပြောင်းပုံ
ပြောင်းနည်းလေးကလည်း လွယ်ပါတယ်။ လုပ်ကြည့်ကြရအောင်
…အားလုံးအဆင်ပြေအောင်လို့
အတတ်နိုင်ဆုံးပြုလုပ်ပုံလေးတွေကိုပုံလေးတွေနဲ့ရှင်းပြပေးထားပါတယ်...ပျော်ရွှင်ကြပါစေနော်
၁။ Run Box (windows + R) ကိုဖွင့်ပါ။
၂။ Run Box ထဲမှာ mmsys.cpl ကို ရိုက်ထည့်ပြီး OK သို့မဟုတ် Enter ခေါက်ပါ။
အတတ်နိုင်ဆုံးပြုလုပ်ပုံလေးတွေကိုပုံလေးတွေနဲ့ရှင်းပြပေးထားပါတယ်...ပျော်ရွှင်ကြပါစေနော်
၁။ Run Box (windows + R) ကိုဖွင့်ပါ။
၂။ Run Box ထဲမှာ mmsys.cpl ကို ရိုက်ထည့်ပြီး OK သို့မဟုတ် Enter ခေါက်ပါ။
၃။ ကျလာတဲ့ Box ထဲက Sounds ကို ကလစ်ပါ။
၎။ ထို Box ထဲကမှ Sound Scheme: အောက်မှာ Windows Default ကို ရွေးပါ။
၅။ တစ်ဆက်တည်း Program Events: အောက်မှာ Windows Logon / Windows Logoff ကို ရွေးချယ် (Select) ပေးပါ။ (ဒီနေရာမှာ မိမိ ပြင်ဆင်လိုသော အခြားအသံပိုင်းဆိုင်ရာများကိုလည်း ရွေးချယ်နိုင်ပါတယ်)
၆။ Browse နေရာကနေ မိမိပြောင်းလဲလိုသော သီချင်း သံစဉ်များကို ထည့်ပါ။ (မိမိအသုံးပြုသောသီချင်း မှန်မမှန် Play Buttom (Test) နေရာကို ကလစ်၍ ပြန်လည် စစ်ဆေးနိုင်ပါတယ်)
၇။ Apply – Ok လုပ်ပါ။
၈။ ပြီးစီးပြီဆိုရင် Restart ချကြည့်လိုက်ပါ။ Windows Off သို့မဟုတ် Windows On တွင် သင်အသုံးပြုလိုက်သော သီချင်းသံလေး ကြားရပါလိမ့်မယ်။
ပုံလေးတွေနဲ့တစ်ကွ တင်ပေးထားတဲ့အတွက် လုပ်ရတာ လွယ်ကူမှာပါ။ တစ်ခုတော့ ရှိပါတယ်။ ကိုယ်အသုံးပြုတဲ့ သီချင်းဟာ wav Format ဖြစ်ရပါမယ်။ MP3 , AAC , AMR , MMf , M4A , M4R စတဲ့ အသံဖိုင်တွေတော့ အသုံးပြုလို့ ရမှာမဟုတ်ပါဘူး။ ကိုယ့်မှာ wav အသံဖိုင်မရှိဘူးဆိုရင် Format Factory လို Converter တစ်ခုခုနဲ့ ပြောင်းလဲနိုင်ပါတယ်။ကိုကို..မမ..ညီငယ်..ညီမငယ်တို့စက်ထဲမှာလဲ
Conveter တစ်ခုခုတော့ရှိနေမယ်လို့မျော်လင့်မိပါတယ်..အဲ့ဒါကြောင့်မတင်ပေးတော့ပါဘူးနော်
အကယ်လို့များလိုချင်ပါတယ်ဆိုရင်ဖြင့်..ကွန်မန့်မှာတောင်းဆိုနိုင်ပါတယ်။
ကဲ … ကလိတာမှ ဝါသနာပါတယ်ဆိုတဲ့သူတွေ ကလိကြရအောင်လားဗျာ
အားလုံးပဲ အဆင်ပြေကြပါစေ... လွမ်းဦးမောင်(မြောင်းမြသားလေး)
0 comments:
Post a Comment