သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Showing posts with label HOW TO နည်းလမ်းများ. Show all posts
Showing posts with label HOW TO နည်းလမ်းများ. Show all posts

Friday, June 21, 2013

FaceBook Chat အတွက် Sticker လေးတွေကိုကွန်ပျူတာမှာသုံးချင်သူတွေအတွက်

Chat Sticker လေးတွေကိုသုံးမယ်ဆိုရင် မိမိအသုံးပြုတဲ့ Facebook အတွက် Browser ဟာ Chrome or Mozilla ဖြစ်ရမယ်
ပြီးရင်တော့ ဒီလင့်ခ်ကိုသွားပြီး

=> Sticker Link
Mozilla ဆိုရင် Firefox Add On ကိုနှိပ်ပေးလိုက်
ပြီးရင် Add to Firefox ဆိုတာလေးကိုနှိပ်လိုက်ရင် ပေါ်လာပါလိမ့်မယ်
ပြီးရင် software installation ဆိုတဲ့ Box ကျလာပြီး install (3.2.1.) ကနေ install သွားပီး
firefox ကို restart ချခိုင်းပါလိမ့်မယ်
———–

Chrome အတွက်က
Chrome Extension ဆိုတာကိုနှိပ်ပေးလိုက်ပြီး
ပြီးရင် Facebook Chat Sticker ဆိုတဲ့ Box ညာဘက်အပေါ်မှာ Add to Chrome ဆိုတာကိုတွေ့ပါလိမ့်မယ် နှိပ်ပေးလိုက်ပါ
ပြီးရင် နောက်တဆင့်မှာ add ကိုဆက်နှိပ်ပေးလိုက်ပါ

———
ပြီးရင်တော့ CHat Box က Smiley Icon လေးကိုနှိပ်လိုက်ရင်အဲဒီအပေါ်မှာ Sticker လေးတွေကိုတွေ့ရပါလိမ့်မယ်
Inbox ကနေပို့လို့မရပါဘူး
Chat List ကနေပဲ ပို့လို့အဆင်ပြေပါတယ်.. Group Chat မှာလဲမပေါ်သေးဝူး..


 Ref>>>မြန်မာမိုဘိုင်း
http://www.myanmarmobileapp.com/

stst1

Posted By Unknown6:19 AM

Tuesday, June 18, 2013

နိုင်ငံ ၃၀ ကို Gtalk ကနေအခမဲ့အကန့်အသတ်မရှိဆက်သွယ်နိုင်တဲ့နည်းလမ်းလေးပါ




နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ...
အသုံးပြုနည်းကတော့ ....

1. Google Talk ကိုဖွင့်ပါ။

2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။

3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။

(phonenumber@talkster.gtalk2voip.com)
ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com

4.Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။ တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။ အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။ Call back system သုံးဘူးတဲ့သူဆို သိပါတယ်။


ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။
ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။
လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။

5. တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။ Make calls from your Google Talk

1. Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ

2. Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။

3. Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။

4. တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 secondsအချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။

5. သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)

6. သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။

7. ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။

8. တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။

no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်း။စိတ်မကောင်းစွာဖြင့် ဒီlist ထဲမှာ စင်ကာပူနှင့် မြန်မာနိုင်ငံပါမလာပါဘူး ...

ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ဖော်ပြပေးလိုက်ပါတယ်။

Country name Country code Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1
Helpful Hints

Posted By Unknown5:13 AM

Wednesday, June 12, 2013

Windows explorer has stopped working error ဖြေရှင်းနည်း



တစ်ခါတစ်ခါဗျာ........Computer သုံးနေရင်းနဲ့....Box တစ်ခုတက်လာတယ်....... Windows explorer has stopped working..ဆိုပြီးတော့......... ဖြေရှင်းနည်းကတော့ နှစ်နည်းရှိတယ်....... ကျွန်တော် ပထမနည်းဖြစ်တဲ့.Registry Editor ကနေ ဖြေရှင်း နည်းကိုပြောပြပေးသွားပါ့မယ်........
Facebook Page တစ်ခုဖြစ်တဲ့ အတွက် ပုံတွေ ဝေေ၀ဆာဆာနဲ့ မရှင်းပြနိုင်တာ ကိုလည်း နားလည်ပေးကြပါခင်ဗျာ.. Registry ထဲမှာ ၀င်ပြင်မှာ ဆိုတော့ ..Window+R ကိုနှိပ်ပြီး. regedit ကိုရိုက်ပြီး Enter ခေါက်လိုက်ပါ.. 
Editor ပေါ်လာရင်တော့ HKEY_LOCAL_MACHINE ကိုသွားပါ... ကျွန်တော် မြှားပြထားတဲ့ အတိုင်း အဆင့်ဆင့် သွားလိုက်နော်... HKEY_LOCAL_MACHINE >>>Software>>>>Microsoft>>>>Window Window အောက်က Current      Version.....  နောက်...Explorer........... Explorer အောက်က Browser Helper Objects ကို Right Click နှိပ်ပြီး Delete ကိုနှိပ်လိုက်ပါ။
 ပြီးရင် Yes....... Okie Dokie ပေါ့ဗျာ...... ပြီးရင် စက်ကို Restart တစ်ခေါက်ချပေးလိုက်...... အဲ့ဒီ Box ကြီး တွေ့ချင်ပါတယ် ဆိုတာတောင် မတွေ့ရဘူး.... :)
အားလုံးအဆင်ပြေနိုင်ကြပါစေ  ......
                                     ဆုတောင်လျှက် .....ကိုလင်း

Posted By Unknown3:09 AM

Friday, June 7, 2013

Window 8 မြန်မာဖောင့်ထည့်လို့ရပြီး၊လက်ကွက်မရဘူးဆိုရင်လုပ်နည်း




Window 8 သမားတွေအတွက် မြန်မာစာ ပြဿနာ

ပထမဆုံးတော့ Zawgyi Blogday ဖောင့်ကို  Download ယူအင်စတောလုပ်ပါ

အင်စတောလုပ်ပြီး Restart ချ ဖတ်မရ ရေးမရ အဆင်မပြေရင် တစ်ဆင့်ချင်းလုပ်

Control Panel ကိုသွား

Language ဆိုတာကို နှိပ်

Advance Setting ထဲကိုဝင်

ဒုတိယမြောက်နေရာမှာ Default input method မှာ Zawgyi ထားလိုက်

မြန်မာစာမြင်ရပီး စာရိုက်မရတာ ကီးဘုတ်မပေါ်တာဆိုရင်

ပုံမှာပြထားတဲ့အတိုင်း Option ကနေ အမှန်ချစ်ပေး OK လုပ်လိုက်ပါ

Window 8- Window 7 64 bit ကွန်ပျုတာအတွက် သီးသန့် ကီးဘုတ်ထည့်

32 bit တွေမှာ ပြဿနာမရှိပေမယ့် 64 မှာ မြန်မာစာ အတုံးဖြစ်တာတွေ

ကီးဘုတ်မပေါ်လို့  စာဖတ်ရပြီး မြန်မာစာရိုက်မရတာတွေအတွက်တော့

အောက်က ကီးဘုတ်ယူသုံးပါ အဆင်မပြေသူများ စမ်းကြည့်လိုက်ပါ








ဒီမှာ Download ယူပါ - Zawgyi-keyboard-for windows 8,7, 64bit



ဒီမှာ Download ယူပါ -http://www.mediafire.com/Zawgyi Blog Day Font

ဒီမှာ Download ယူပါ -www.zippyshare.com/Zawgyi Blog Day Font  

Posted By Unknown5:36 AM

Thursday, June 6, 2013

File and Folder ၏ background တွင် software မလိုပဲနောက်ခံထည့်သွင်းနည်း


Folder ရဲ့ background ကို ပြောင်းချင်တဲ့ သူတွေ အတွက် နောက်ခံ ပြောင်းနည်းလေး (ဆော့ဝဲ မလို) တင်ပြလိုက်ပါတယ်
1      မိမိ ပြောင်းလိုတဲ့ background ပုံကို photoshop ဖြင့် 900x684 pixels အရွယ်အစားဖြင့် JPEG fomat ဖြင့် သိမ်းလိုက်ပါ။
2      notepad ကို ဖွင့်ပါ။
3      notepad ထဲတွင် 
       
[{BE098140-A513-11D0-A3A4-00C04FD706EC}]
attributes=1
iconarea_image=a.jpg
iconarea_Text=0x00000011
iconarea_backcolor=0xaaddccff

[.classinfo]
infotip=I love you
     များကို ကူလိုက်ပါ။ မှတ်ချက် iconarea_image=a.jpg နေရာတွင် ခုနက photoshop ဖြင့် သိမ်းခဲ့သော ပုံနာမည်ကို a.jpg နေရာတွင် ထည့်ပေးပါ
4     ပြီးရင် save လိုက်ပါ  file ရဲ့ အမည်ကို Desktop.ini  format နဲ့ သိမ်းပေးပါ
5     နောက်ဆုံးအဆင့်ကတော့ ကိုယ် background ပြောင်းချင်တဲ့ folder ထဲမှာ ခုနက ဖိုင်နှစ်ခု (a.jpg နဲ့ Desktop.ini) ကို ကူးထည့် လိုက်ပါ ပြီးရင် refresh လုပ်လိုက်ရင် folder လေးက background လေးနဲ့ မြင်ရပါပြီ

ပြည့်ဖြိုး (နေပြည်တော်) 

Posted By Unknown7:34 AM

မိမိကွန်ပျူတာ USB အပေါက်ကနေလာတဲ့ဗိုင်းရပ်ကိုကာကွယ်ကြရမယ်


USB DISK SECURITY 6.2.0.125 WITH KEYGEN

မိမိတို့ကွန်ပြူတာကို နေရာအမျိုးမျိုးကနေ ပြီးတော့ virus အမျိုးမျိုးဝင်နိုင်ပါတယ်


အခုပေးချင်တာလေးကတော့ မိမိတို့ အသုံးပြု့နေတဲ့ USB ပေါက်တွေကနေဝင်လာနိုင်တဲ့


virus တွေကို ကာကွယ်နိုင်ဖို့ အတွက် ဒီဆော့ဝဲလေးကို မျှဝေပေးလိုက်ပါတယ်


USB ပေါက်တွေကလည်း အရေးကြီးပါတယ် မိမိတို့ အသုံးပြု့နေတဲ့


pendrive,memory card အစရှိသဖြင့် 


စက်ထဲမှာထုတ်လိုက်သွင်းလိုက် နဲ့ အများကြီးအသုံးပြု့ရပါတယ်


 ပြီးတော့ internet ကဖေး ကနေ အသုံးပြု့ ထားတဲ့ pendrive လိုမျိုး ဆိုရင်


ပိုပြီးဂရုစိုက်ရပါတယ် ဘာဖြစ်လို့လဲ ဆိုတော့ လူသုံးများတဲ့ စက်တွေမှာဆိုတော့

ပိုပြီးတော့ virus ရှိနိုင်ချေ များပါတယ်  ဒါကြောင့် ဒီဆော့ဝဲလေးကို

အသုံးပြု့ထားလိုက်မယ် ဆိုရင် virus ရန်ကနေ တခု့တော့ အေးချမ်းသွားပြီပေါ့


ဒီဟာလေးက keygen နဲ့ပါ တကယ်လို့ keygen ကို ထည့်လို့ မရဘူးဆိုရင်

မိမိအသုံးပြု့နေတဲ့ Antivirus ဆော့ဝဲလေးကို ပိတ်ပြီးမှာ keygen ကို အသုံးပြု့ ပါလို့

ထပ်ပြောပါရစေ ခင်ဗျာ....

လိုအပ်လို့ အသုံးပြု့ချင်တဲ့ ဘော်ဒါတွေကတော့ အောက်မှာဒေါင်းသွားလိုက်ပါ





ကိုလတ်(ကျွဲဆင်း)

Posted By Unknown6:56 AM

Gtalk ထဲမှာလူရှိန်အောင် Location လိမ်ပြောတဲ့သူတွေကိုဖမ်းကြရအောင်

Gtalk ထဲမှာချက်ကြတဲ့အခါ တစ်ချို့ တစ်ချို့တွေက ကျွန်မက ကျွန်တော်က ခုစင်္ကာပူမှာကျောင်းတက်နေတာ၊ Uk မှာအလုပ်လုပ်နေတာ၊အော်ဇီ မှာ shopping ထွက်ရင်း လျှောက်လည်နေတာ အစရှိသည်ဖြင့် မြန်မာနိုင်ငံ က public cafe တစ်ခုခုကနေလျှေက်ပြောနေတဲ့ ကိုကိုတွေ၊မမတွေကိုခြေရာခံလို့ရပါပြီ။နောက်ပြီးကိုယ်ပို့လိုက်တဲ့ မေးကိုလဲသူဖတ်မဖတ် စစ်လို့ရပါတယ်။
(သိရှိပြီးသူများအား အားနာပါတယ်။မသိသေးသူတွေအတွက်ရည်ရွယ်ပါတယ်)

အဆင့် ၁- browser တစ်ခုကနေ http://www.spypig.com ဆိုပြီးဖွင့်လိုက်ပါ။အောက်ကပုံပါတဲ့မျက်နှာပြင်တခုကျလာမှာပါ

အပေါ်ကပုံမှာပြထားတဲ့အတိုင်း

အဆင့် ၂- spying page ပွင့်လာရင် your email address မှာ သင့် email(or)gmail ကိုရေးထည့်လိုက်ပါ။

အဆင့် ၃- your message title မှာရေးခြင်တာတစ်ခုရေးလိုက်ပါ။(ဥပမာ- hi)။

အဆင့် ၄- your spypig tracking image မှာပေးထားတဲ့ပုံတွေထဲကနှစ်သက်ရာတစ်ပုံရွေးလိုက်ပါ။

အဆင့် ၅- Click to Create my SpyPig ဆိုတာကို click လိုက်ပါ။


အဆင့် ၆ -လက်ရှိဖွင့်ထားတဲ့ browser မှာပဲ new tab တစ်ခုခေါ်ပြီး မိမိ gmil ကိုဖွင့်လိုက်ပါ။ပြီးရင် compose mail ကိုဖွင့်လိုက်ပါ။

အဆင့် ၇ -ပြီးရင်စောစောက spying page မှာရထားတဲ့ပုံလေးကို mouse နဲ့drag ဆွဲယူလာပြီးGmailဖွင့်ထားတဲ့ tab နေရာထိဆွဲယူသွားပါ။ gmail ဖွင့်ထားတဲ့ Tab ရောက်တာနဲ့ စောစောကဖွင့်ထားတဲ့ gmail compose mail ပေါ်လာရင်
mail body နေရာမှာ အဲဒီဟိုဘက်ကဆွဲယူလာတဲ့ ပုံလေးကို ကလစ်လွှတ်ချလိုက်ပါ။ဒီလိုမလုပ်တတ်လို့
မရှင်းဘူးဆိုရင်လည်း ကျနော် ပုံမှာပြထားတဲ့ အတိုင်း ကိုယ်ရွေးထားပေးတဲ့ပုံလေးကို မောက်နဲ့ ဒရက်(ဂ်)ဆွဲ
hilight ဖြစ်သွားရင် Copy (Ctrl+C) လုပ် Gmail Compose mail က mail body မှာ Ctrl+V နှိပ်ပေးလိုက် ရင်လဲရပါတယ်

အဆင့် ၈ -ပြီးရင်ခါတိုင်းပို့နေကျပုံစံအတိုင်း ခေါင်းစဉ်တစ်ခုတပ်ပြီး ကိုယ် spy လုပ်ချင်တဲ့သူဆီပို့လိုက်ပါ။

(ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖွင့်လိုက်တာနဲ့  Spypig ကနေ တစ်ဖက်က Mail ဖတ်ပြီးတဲ့အကြောင်း
ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။အဲဒီထဲမှာ တစ်ဖက်လူရဲ့ IP လည်း ပါလာပါလိမ့်မယ်။ IP ရပြီဆိုရင် တစ်ဖက်လူကဘယ်နိုင်ငံမှာလဲဆိုတာထောက်လှမ်းလို့ရပါပြီ။)

 အပေါ်ကပုံလို  SpyPig  က မေး(လ်) နှစ် စောင် ပို့လာပါမယ်
ဒုတိယအစောင်ကိုဖောက်လိုက်ရင် အောက်ကပုံအတိုင်းတွေ့ရမှာပါ

အဆင့် ၉-http://www.ip2location.com/free.asp ဆိုတာကိုဖွင့်လိုက်ပါ။

အဆင့် ၁၀-စောစောကရရှိလာတဲ့ တစ်ဖက်လူရဲ့ IP ကို Enter IP Address(es):နေရာမှာရိုက်ထည့်လိုက်ပါ။(သေချာရိုက်ပါလွဲလို့မရပါ။)

အဆင့် ၁၁-Find location ကို click လိုက်ပါ။

(အဲအဆင့်တွေပြီးပြီ ဆိုရင် တစ်ဖက်လူက ဘယ်နိုင်ငံကလဲဆိုတာ ဖော်ပြပါလိမ့်မယ်။ )

ဖတ်ရှုမှုအတွက်ကျေးဇူးတင်ပါတယ်။ online ပေါ်မှလိမ်လည်မှုတွေကင်းဝေးကြပါစေ။
ကိုဆရာကြီးရေးသောပို့(စ်)ကို ကျနော်ပြန်ပြီးဖြည့်စွက်ထားတာ ဖြစ်ပါတယ် 
 

Posted By Unknown6:15 AM

Saturday, June 1, 2013

Windows 7 တွင်အဖြစ်များသည့ှ့်Shortcut Icon အကျယ်ရှင်းလင်းချက် (ဖြေရှင်းနည်း)



 
အမေး= အစ်ကိုရေ ကျွန်တော့်ကွန်ပျူတာက Windows 7 သုံးထားပါတယ်။ ဒါပေမယ့် အခုဘာနှိပ်လိုက်မိသလဲ မသိဘူး..Desktop ပေါ်မှာရှိတဲ့ Icon မှန်သမျှက Windows Media Player ပုံတွေချည်းဖြစ်ကုန်ပါတယ်။ Folder တွေကလွဲပြီးဘားမှဖွင့်မရတော့ပါ။ ဆိုင်သွားပြတော့လဲ Virus ကိုက်တာကြောင့်ဖြစ်တာ..Windows ပြန်တင်ရမယ်လို့ပြောပါတယ်..အရေးကြီးတဲ့ Data တွေရှိတဲ့အတွက် Windows ပြန်မတင်ချင်ပါဘူးခင်ဗျာ..အခုကျွန်တော်ဖြစ်နေတဲ့ အခက်အခဲကို ဖြေရှင်းနိုင်မယ့်နည်းရှိပါသလား..ပီးတော့ ကျွန်တော့်လိုမျိုးဘဲ ကျွန်တော့်သူငယ်ချင်း ကွန်ပျူတာတွေမှာလည်းဖြစ်နေပါတယ်..ဖြေရှင်းလို့ရမယ်ဆိုရင်ဖြေရှင်းပေးပါ..ပြီးတော့ ဘာကြောင့်ဒီလိုဖြစ်တယ်ဆိုတာလည်း အစ်ကိုတို့သိမယ်ဆိုရင်ရှင်းပြပေးစေလိုပါတယ်ခင်ဗျာ
လေးစားစွာဖြင့် - ၀ါးခယ်မသား (ဧရာဝတီတိုင်း)
 
အဖြေ = ဟုတ်ကဲ့..အခုညီလေးရင်ဆိုင်နေရတဲ့အခက်အခဲကို 
အစ်ကိုတို့အနေနဲ့ဖြေရှင်းပေးနိုင်ပါတယ်..အခု အဲဒီ Icon တွေအကုန်လုံး Windows Media 
Player ပုံတွေဘာကြောင့်ဖြစ်ကုန်တယ်ဆိုတာအရင်ရှင်းပြပေးပါ့မယ်။အဓိက လက်သည် 
တရားခံကတော့ Program တစ်ခုပေါ်ကို Right Click ထောက်ရင်ပေါ်လာတဲ့ OpenWith ဆိုတဲ့ 
Menu ကြောင့်ပါဘဲ။

 Desktop ပေါ်မှာရှိနေတဲ့ Software တွေရဲ့ Icon ကို Right Click ထောက်ပြီး Open With 
ကိုနှိပ်ကာ Program 
တစ်ခုကို ရွေးချယ်မိလိုက်သောကြောင့်..Icon တွေအကုန်လုံးဟာ ရွေးချယ်ထားတဲ့ Program 
ပုံတွေဖြစ်ကုန်တော့တာပါဘဲ..ဒါဟာဘာကြောင့်လဲဆိုရင်

 (၁) Windows 7 ရဲ့ Registry မှာ Shortcut Icon ပိုင်းဆိုင်ရာပြောင်းလဲမှု 
အားနည်းနေခြင်း(Exploit)

(၂) အသုံးပြုသူရဲ့ ဝေဖန်ပိုင်းခြားနိုင်မှုမရှိခြင်း..ဥပမာ Program Icon မှန်းမသိ.. Folder or Files 
မှန်းခွဲခြားမသိမှုတွေကြောင့်ဖြစ်ပါတယ်။

အထက်ပါ အချက် နှစ်ချက်မှာ ဒုတိယအချက်ကို မပြောတော့ပါဘူး..ပထမအချက်ကိုဘဲပြော

ပြပါ့မယ်..အခု ညီလေးဖြစ်နေတဲ့ ပြသနာမျိုးက Windows 7 တွေမှာဘဲဖြစ်တာပါ..တစ်ချို့က 
ဒီလိုဖြစ်တာဟာ Virus ထိတာလို့ပြောကြပါတယ်..(ဒါလုံးဝမမှန် ရမ်းရွှီးတာပါ)…တစ်ချို့ကလဲ

ဒီလိုဖြစ်ရင် System 
Restore ပြန်လုပ်လိုက်ကြပါတယ်..ခဏတာတော့ ကောင်းသွားပါရဲ့..မကြာပါဘူး ဖြစ်မြဲက ဖြစ်မြဲအတိုင်းပါဘဲ။ 
ဒီတော့ Open with လုပ်တိုင်း ဒီ Program Icon တွေက 
အကုန်ပြောင်းနေတော့မှာပါဘဲ..ဒါကတော့ Windows 7 ရဲ့အားနည်းချက်ပါ။ Microsoft က 
သူ့ရဲ့ 
ထုတ်ကုန်အားနည်းချက်ကို ပြုပြင်ပေးတဲ့အနေနဲ့  Registry Code 
တစ်ခုထုတ်ပေးခဲ့ပါတယ်..ဒါကို 
အသုံးပြုလိုက်ခြင်းအားဖြင့် Program ပေါ် Right Click ထောက်ပြီး Openwith လုပ်မိတဲ့အခါမှာ 
Icon တွေအကုန်လုံးက ဘားမှပြောင်းလဲတော့မှာမဟုတ်ပါဘူး..ဒါကြောင့် ဒီလို 
အဖြစ်မျိုးကြုံတွေ့နေရတဲ့သူတွေအဖို့

ကျနော်က ဖြေရှင်းပေးနိုင်တဲ့ Registry Code တွေကိုတင်ပေးလိုက်ပါတယ်။အရင်ကလည်း 
တင်ပေးဖူးပါတယ်..အခု မေးခွန်းကိုသေချာမေးလာတဲ့အတွက် 
ဗဟုသုတအနေနဲ့အားလုံးသိ အောင် အကျယ်ရှင်းပြလိုက်တာပါ..ဒီလို Windows 7 မှာဖြစ်နေတဲ့ 
Icon ပြောင်းလဲခြင်းပြသ နာကို ကွန်ပျူတာ Services ဆိုင်တော်တော်များများက Virus 
ဟုအကြောင်းပြကာ 

ဝင်းဒိုးစ် ပြန်တင်ခြင်းများ ပြုလုပ်နေကြပါတယ်…ဒါလုံးဝမဖြစ်သင့်တာပါ..၀င်းဒိုးစ် 
တစ်ခါပြန်တင်ရင်လဲ ငါးထောင် ဒါမှမဟုတ် 
ရှစ်ထောင်လောက်တောင်းနေတာပါ..ကိုယ်တိုင်တင်တတ်တဲ့သူတွေ 
အတွက်လဲ ပြန်တင်စရာမလိုဘူး..ဒီလိုကောင်းအောင် ပြန်လည်ပြုပြင်လို့ရတယ်ဆိုတာ 
အချိန်ကုန်သက်သာစေချင်လို့ရှင်းပြပေးတာပါ။ ကိုယ့်ပတ်ဝန်းကျင်မှာလဲ ဒီလိုအဖြစ်အပျက် 
မျိုးကြုံလာခဲ့လို့ရှိရင်လည်း စေတနာနဲ့အနည်းဆုံး နှစ်ထောင်လောက်တောင်းပြီး 
ကူညီပေးလိုက်ပေါ့ဗျာ (ပညာခတောင်းခိုင်းတာနော် :P) .. ကဲ..ဆက်ကြည့်ပါဦး..။

အသုံးပြုပုံ

ကြိုက်ရာ Link ကနေ Registry Code ကို Download ချပါ
 
 Download ==> SolidfilesMirror

Download ချလို့ရလာတဲ့ဖိုင်ထဲက Amc.bat ကိုအရင်နှိပ်ပါ။ အမည်းရောင် 
Box လေးဖျက်ခနဲ့တက်လာပြီး ပိတ်သွားပါလိမ့်မယ်။ ပြီးတာနဲ့ Exe.reg ကို Click ပါ။

 Yes or No မေးရင် Yes ပေးလိုက်ပါ။ Error တက်လာရင် OK ပေးလိုက်ပါ။ ပြီးရင် ကွန်ပျူတာကို 

Restart ချပေးလိုက်ပါ။ စက်ပြန်တက်လာတာနဲ့ Desktop ပေါ်မယ်ရှိတဲ့ Icon တွေဟာ မူလ 

Program Icon တွေအတိုင်းပြန်ဖြစ်နေပါလိမ့်မယ်။ အဲဒီအပေါ်ကို Right Click >> Open With 

လုပ်ကြည့်လိုက်ပါဦး… အခြားProgram တွေပြောင်းလဲတော့မှာမဟုတ်ပါဘူးခင်ဗျာ… ။
 
Icon တွေပြောင်းကုန်တာကို Virus ထိတယ်ဆိုပြီး Windows အသစ်ပြန်တင်ကာ 

လုပ်စားနေတဲ့ မြန်မာနိုင်ငံ Computer Services ဆိုင်အချို့ရဲ့ စီးပွားရေးကိုတုတ်နဲ့ 
ထိုးသလိုများဖြစ်ခဲ့ရင် www.mmithelper.com သို့ လာအော်ကြပါကုန်..... :-)


                         Credit: အောင်ကျော်ခိုင်(ပုသိမ်)

Posted By Unknown7:29 AM

Monday, May 27, 2013

Online ပေါ်မှာ ဓါတ်ပုံပြင်ရအောင်

             
မိတ်ဆွေ ကိုယ့်စက်ထဲမှာ Adobe Photoshop မရှိလို့ Online ပေါ်ကိုတင်ဖို့ ဓါတ်ပုံပြင်ဖို့ အခက်အခဲ ဖြစ်နေရင် Online ပေါ်မှာ Photoshop ရှိပါတယ်.. မိတ်ဆွေတစ်ချို့ သိပြီးသားလည်း ဖြစ်မှာပါ..
Online Photo Editor
ကိုသွားပြီး ဓါတ်ပုံကို Edit လုပ်လို့ရပါတယ်.. စက်ထဲက ပုံကို တင်ပြီးလုပ်လို့ရသလို Online ကပုံတွေကိုလည်း ပြင်လို့ရပါတယ်.. Tool တွေလည်း တော်တော်စုံပါတယ်..သိမ်းတာလည်း အဲလိုပါပဲ. စက်ထဲကိုလည်း သိမ်းလို့ရတယ်. Online ပေါ်မှာလည်းသိမ်းလို့ရတယ်.. ဘယ်လောက်ကောင်းလဲဗျာ... ကိုယ့်စက်ထဲမှာ Software တစ်ခု ထည့်စရာမလိုတော့ဘူးပေါ့..

အဆင်ပြေပါစေ..

Posted By Unknown7:22 AM

Run ကနေတဆင့်သွားလို့ရတဲ့နေရာတွေ


Run ကနေတဆင့် သွားလို.ရတဲနေရာတွေကို ပြောပြမယ်။ Run box ထဲမှာ ရိုက်ထည့်ပြီး OK
လို.ပြောရမှာနော်။

၁။ Run ထဲမှာ timedate.cpl ဆိုပြီးရိုက် ok လို.ပြော။ အဲဒါက ကွန်ပြူတာရဲ့
အချိန်တွေ၊ ရက်စွဲတွေပြင်လို.ရတဲ့ နေရာကို သွားတာ။

၂။ နောက်တစ်ခုက control ဆိုပြီးရိုက် ok လို.ပြော။ အဲဒါက control panel
ထဲကိုသွားတာ။

၃။ Notepad ထဲကိုသွားချင်ရင် notepad လို.ပဲရိုက်လိုက်ရင် ရပြီ။

၎။ Wordpad ထဲသွားချင်ရင်လည်း အဲဒီအတိုင်း wordpad လို.ရိုက်ပြီး Enter ခေါက်။

၅။ winword ဆိုပြီး Enter ခေါက်ရင် Microsoft word ကိုရောက်သွားလိမ့်မယ်။

၆။ Excel ဆိုပြီး Enter ခေါက်ရင် Microsoft Excel ကိုရောက်သွားလိမ့်မယ်။

၇။ powerpnt ဆိုတာက ပါဝါပွိုင့် ကို။

၈။ photoshop ဆိုတာက Adobe Photo shop ကိုသွားတာ။

၉။ calc ဆိုတာက ဂဏန်းပေါင်းစက်

၁၀။ cmd ဆိုတာက Command Box

၁၁။ charmap ဆိုတာက ကာရိုက်တာ Map ကို

၁၂။ cleanmgr က Disk ကို သန်.ရှင်းတာ

၁၃။ dfrg.msc ဆိုတာက ဖိုင်တွေကို စနစ်တကျ ပြန်စီပေးတာ။ အဲဒီလိုပြန်စီလိုက်ရင်
ကွန်ပြူတာသုံးရတာ နဲနဲတော့ ပိုမြန်သွားတယ်။

Defragment Run ရင်အချိန်နဲနဲတော့ ပေးရတယ်။ အဲဒီလို Run ထားရင်လည်း
ကွန်ပြူတာကို ဘာမှမသုံးတာ အကောင်းဆုံးပဲ။

၁၄။ Disk ကို manage လုပ်မယ်ဆိုရင် diskmgmt.msc ဆိုပြီးရိုက်။

၁၅။ ntbackup ဆိုတာက data တွေ system state တွေကို backup လုပ်ဖို.။

၁၆။ sndrec32 ဆိုတာက ကွန်ပြူတာနဲ အသံ ဖမ်းဖို.

၁၇။ Run box ထဲမှာ c: ဆိုပြီးရိုက်ရင် c Drive ကို ရောက်သွားမယ်။ d: ဆိုပြီး
Enter ခေါက်ရင် D Drive အောက်ကို ရောက်သွားမယ်။

၁၈။ Add or Remove Programs ကို သွားချင်ရင် appwiz.cpl ဆိုပြီးရိုက်။

၁၉။ Device Manager ကို သွားချင်ရင်တော့ devmgmt.msc လို.ရိုက်။


၂၀။ ကွန်ပြူတာ User အသစ်တွေ ဖွဲ.ချင်ရင် nusrmgr.msc လို.ရိုက်။

-ကိုစောမောင်

Posted By Unknown6:35 AM

Internet Explorer မှာ Zawgyi-One ရွေးသော်လည်းမြန်မာလိုမမြင်ရတာဖြေရှင်းနည်း

Internet Explorer မှာ Zawgyi-One ရွေးသော်လည်း မြန်မာလိုမမြင်ရတာကိုဖြေရှင်းနည်း လေးတင်ပေး
လိုက်ပါတယ်မြန်မာစာ ၊ စာလုံးတွေ အတုံးအတုံးတွေအဖြစ်နဲ့ မမြင်ရတဲ့ အခါ ...
ပထမဆုံး notepad ကို ဖွင့်ပြီး..........................
 
body
{
font-family:Zawgyi-one;
}
input, select , textarea
{
font-family:Zawgyi-one;
}

 



ဆိုပြီး ရိုက်လိုက်ပါ... ပြီးရင် Save as သွားပြီး ie.css နဲ့ save လိုက်ပါ။

ပြီးရင် IE ကို ဖွင့်ပြီး Tools==>Internet Option==> Accessibility ကိုသွားပါ။

ပြီးရင် Ignore font styles specif...ied on webpages နှင့်

Format documents using my style sheet တို့ကို check လုပ်လိုက်ပါ။

ပြီးရင် Browse ကနေ အရင် save ထားတဲ့ ie.css ဖိုင်လေးကို ရွေးလိုက်ပါ။

ပြီးရင် OK ပေးပါ။ OK ထပ်ပေးပါ။

အဲဒါဆိုရင် IE မှာ ဇော်ဂျီဖောင့်ကိုကောင်းစွာ အသုံးပြုလို့ ရသွားပါပြီ။

Posted By Unknown6:10 AM

မြန်မာဆိုဒ်များကိုအကြည့်များသူများသွင်းထားသင့်တဲ့ ADDONS ပါ




မြန်မာဆိုဒ်များကို အကြည့်များသူများသွင်းထားသင့်တဲ့ addons ပါ

အခုနောက်ပိုင်း... မြန်မာဆိုဒ်တွေမှာ.. ကွဲပြားနေတဲ့ အယူအဆတစ်ခုရှိပါတယ်..

အဲ့ဒါကတော့ Display Font ပါ

တချို့တွေက လူသုံးများတဲ့.. zawgyi one သုံးကြတယ်..

တချို့တွေက formal ပိုကျတဲ့ unicode 3 သုံးကြတယ်...

ဒီလိုမျိုးတွေ ဖြစ်နေတော့ တကယ်အခက်ကြုံနေရတာတော့.... အသုံးပြုသူတွေပါပဲ...

ကျွန်တော်အခုပေးမယ်ဟာက mozilla fireofox မှာ.. ခုနကပြောခဲ့တဲ့ ဆိုဒ်ပုံစံနှစ်မျိုးလုံးကို ဘာ font 

setting ပြောင်းစရာမလိုပဲ... တန်းကြည့်လို့ရမယ် add-ons လေးပါ...

myanmarfonttager ပါ..

ပြုလုပ်ပုံအဆင့်ဆင့်ကတော့...

firefox browser ဖွင့်ပါ

Tools>add-ons 

ပေါ်လာတဲ့ add-ons tag မှာ search box ထဲမှာ myanmarfonttager လိုရိုက်ပြီးရှာပါ....

 နောက်ပေါ်လာရင် install လုပ်ပြီး ပြီးသွားရင်...
.
firefox browser ကို ပိတ်ပြီးပြန်ဖွင့်ရင် အဆင်ပြေသွားပါပြီ...
.
နောက်တစ်နည်းကတော့..

အပေါ်အဆင့်တွေ အဆင်မပြေသူများအတွက်ပါ

အောက်လင့်ခ်ကနေ

addons ကို ဒေါင်းလိုက်ပါ..



ဒေါင်ပြီးရင် firefox browser ကိုဖွင့်ပါ..

နောက် ဒေါင်းထားတဲ့ဖိုင်လ်ကို firefox browser ထဲကို drag ဆွဲပြီးထည့်လိုက်ပါ..

နောက် firefox browser ကိုပိတ်ပြီး ပြန်ဖွင့်လိုက်ပါ
 ကျနော်ကပုံလေးနဲ့ ပြန်လည်ဖြည့်ထားပေးလိုက်ပါတယ်






PS: အဆင်ပြေလားစမ်းကြည့်ချင်ရင် http://www.google.com.mm/

ကိုဖွင့်ကြည့်ပါ မြန်မာဖောင့်ကို အဆင်ပြေပြေတွေ့ရပါမယ်...။

Credit to 20s IT Partner!


Posted By Unknown6:08 AM

Wednesday, May 22, 2013

နိုင်ငံ ၃၀ ကို Gtalk ကနေဖုန်းကို အခမဲ့အကန့်အသတ်အရှိဆက်သွယ်နိုင်တဲ့နည်းလမ်း




နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ...
အသုံးပြုနည်းကတော့ ....
1. Google Talk ကိုဖွင့်ပါ။
... 2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။
3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။


(phonenumber@talkster.gtalk2voip.com)
ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com

 4.Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။ တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။ အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။ Call back system သုံးဘူးတဲ့သူဆို သိပါတယ်။


ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။
ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။
လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။

 5. တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။ Make calls from your Google Talk

1. Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ

2. Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။

3. Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။

4. တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 secondsအချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။
 5. သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)

6. သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။

7. ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။

8. တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။

no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်း။စိတ်မကောင်းစွာဖြင့် ဒီlist ထဲမှာ စင်ကာပူနှင့် မြန်မာနိုင်ငံပါမလာပါဘူး ...

ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ဖော်ပြပေးလိုက်ပါတယ်။
 Country name Country code Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
 Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1
Helpful Hints
ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။ ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။ login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။

Posted By Unknown5:51 AM

Thursday, May 16, 2013

ကော်နက်ရှင်မကောင်းလည်း Youtube ဗီဒီယိုဖြောင့်ဖြောင့်တန်းတန်းကြည့်နည်း



မယုံလို့ ကိုယ်တိုင် စမ်းသုံးကြည့်လိုက်တာ တကယ်ပဲ မှန်ကန်နေတာ တွေ့ရပါတယ်။ 

မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော လောလော ဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။ 


အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Posted By Unknown10:47 PM

Saturday, May 4, 2013

Crack patch kegen အသုံးပြုနည်း



ကျွန်တော် သူငယ်ချင်းတို့ကို Crack Patch Keygen အသုံးပြုနည်းကို ရှင်းပြချင်ပါတယ်
တစ်ချိုတောသူငယ်ချင်းတွေက Crack Patch ကိုသိပ်ပြီးတော့ အသုံးပြုမတတ်တာတွေ့ရပါတယ်
Keygen ကတော့ လွယ်ပါတယ်
Crack လည်းလွယ်ပါတယ် တစ်ချို့တွေက သိပ်ပြီးနားမလည်ကျဘူး
Crack အသုံးပြုနည်းက သူက အများအားဖြင့် လိုင်စင်ဖိုင်တွေ ပါတတ်ပါတယ်
ဆောစ့်ဝဲလ်တစ်ခုကို Install လုပ်ရင် C: Program Files ထဲကို ရောက်ပါတယ်
Adroit.Photo.Recovery.2012 ကို နမှုနာအနေနဲ့  Install ပြပါမယ်ခင်ဗျာ
Install လုပ်ပြီး သူက လိုင်စင် ဗားရှင်းမဖြစ်သေးပါဘူး  လိုင်စင်ဗားရှင်းဖြစ်အောင်
ဒေါင်းထားတဲ့အထဲမှာပါလာတဲ့ Crack ကိုအသုံးပြုရပါမယ်ခင်ဗျာ
အရင်ဆုံး Adroit.Photo.Recovery အိုင်ကွန်ပေါ်မှာ Right ကလစ် နိုပ်ပြီး
Propreties ကို ကလစ်လိုက်ပါ (ဓာတ်ပုံထည့်ရန် )
ပြီးတော့ Find Target ကို ကလစ်လိုက်ပါ အဲဒါဆို
C:\Program Files\Digital Assembly\Adroit Photo Recovery 2012
ဖိုင်ထဲကိုရောက်သွားမှဖြစ်ပါတယ် အဲဒါဆို  Adroit.Photo.Recovery.2012
Download လုပ်ထားတုန်းက ပါလာတဲ့ Crack ဖိုင်ကို ကော်ပီလုပ်ပြီး
C:\Program Files\Digital Assembly\Adroit Photo Recovery 2012
 ဖိုင်ကို Paste လုပ်လိုက်ပါ
 
Yes or No မေးလာရင် Yes ကိုကလစ်လိုက်ပါ
အဲဒါဆို Adroit.Photo.Recoveryက လိုင်စင်ဗားရှင်းအနေနဲ့
အသုံးပြုလို့ရပါပြီခင်ဗျာ အခြားသောဆောစ့်ဝဲလ်တွေလည်းအခုလိုနမှုနာပုံစံအတိုင်းပါဘဲခင်ဗျာ

နောက်တစ်ခုကတော့  Patch အသုံးပြုနည်းကိုရှင်းပြပါမယ်ခင်ဗျာ
 နာမှုနာအနေနဲ့ Photo.Flash.Maker.Platinum.5.35 ကို Install
လုပ်ပြီး Patch အသုံးပြုပါမယ်ခင်ဗျာ  Photo.Flash.Maker ကို
Install လုပ်ပြီးရင် သူက လိုင်စင်ကုတ်တွေ တောင်းပါမယ်ခင်ဗျာ
ပေါ်လာတာကိုတွေ ပိတ်လိုက်ပါ ဘာမှမလုပ်ပါနဲ့  Patch ဖိုင်ကို ဒီအတိုင်းဖွင့်လိုက်ရင်
ပုံမှာပြထားတဲ့အတိုင်းပေါ်လာမယ်ခင်ဗျာ အဲဒီကနေ ပြီးတော့
"C:\Program Files\AnvSoft\Photo Flash Maker Platinum\
အထိသွားပြီးတော့ PFMPtU.exe  Select ပေးပြီးတော့ Patch ကိုကလစ်လိုက်ရင်
အဆင်ပြေပါပြီ နောက်ထပ်တစ်နည်းကတော့
အိုင်ကွန်ပေါ်မှာ Right ကလစ် နိုပ်ပြီး Propreties ကို ကလစ်လိုက်ပါ
ပြီးတော့ Find Target ကို ကလစ်လိုက်ပါ အဲဒါဆို
C:\Program Files\AnvSoft\Photo Flash Maker Platinum\
အထိရောက်သွားမှာဖြစ်ပါတယ် အဲဒီအထဲကို Download လုပ်ထားတုန်းက
ပါလာတဲ့ Patch ဖိုင်ကိုကော်ပီလုပ်ပြီး တော့ Paste လုပ်လိုက်ပါ
ပြီးတာ့ Patch ဖိုင်ကိုဖွင့်ပြီးတော့ Patch ကိုကလစ်လိုက်ပါ အဆင်ပြေပါပြီ
အခြားသောဆောစ့်ဝဲလ်တွေရဲ့ Patch အသုံးပြုနည်းက အခုလိုပုံစံအတိုင်းပါဘဲခင်ဗျာ
Keygen အသုံးပြုနည်းကတော့ လွယ်ပါတယ် Keygen ကို ဖွင့်ပြီးတော
ပါလာတဲ့ ကုတ်တွေကိုထည့်ပြီးတော့ အသုံးပြုယုံပါဘဲ
တစ်ခါတစ်လေကျရင် Patch Keygen တွဲပြီးတော့ ပါလာတတ်ပါတယ်
အဲဒီအခါဆိုရင် Patchဖိုင်ကိုအရင်သုံးပြုပြီးမှ Keygen ကိုအသုံးပြုပါ
နောက်တစ်ခုသတိထားရမှာက Crack Patch အသုံးပြုနေချိန်မှာ Programs ကိုပိတ်ထားပါ
ကျွန်တော်နားလည်းသလိုရှင်းပြပေးခြင်းဖြစ်ပါတယ်
မှားတာတွေပါရင် ထောက်ပြနိုင်ပါတယ်ခင်ဗျာ
သူငယ်ချင်းတို့အားလုံးအဆင်ပြေပါစေ

ကိုမောင်ပေါက် 

Posted By Unknown5:19 AM

Mp3 Tag 225a (သီချင်းဖွင့်လိုက်ရင်ကိုရုပ်ပုံလေးပေါ်စေချင်ရင်)


သီချင်းဖွင့်လိုက်ရင် ကိုယ်ရုပ်ပုံလေးပေါ်စေချင်သောသူတွေအတွက် MP3 Tag 225a ကိုတင်ပေးလိုက်ပါတယ်ဗျာ

ကျွန်တော်တို့ သာမန် MP3 သီချင်းတစ်ပိုဒ်ကို ဖွင့်လိုက်မယ်ဆိုရင်

သူဆော့ဝဲလ်မှာ ပါသော ပုံတွေပဲ မြင်ရပါတယ်

ဒါကို ကိုယ်က မကြိုက်ဘူး ဓါတ်ပုံလေးတွေ

ထည့်ချင်ရင်တော့ အောက်က ဆော့ဝဲလ်ကို ဒေါင်းပြီး ထည့်လို့ရပါတယ်

File Size လည်း နည်းပါတယ် (2.MB) ပဲ ရှိပါတယ် ...အောက်မှာဒေါင်းလိုက်နော်..

                               Download 1      /        Download 2

အသုံးပြုပုံ အနည်းငယ်ကို ပုံနှင့် တကွ ရှင်းပြထားပါတယ် မောက်မောက်လေးဆီက ပုံတွေပါ

 

ပုံ(၁) တွင် ပြထားသည့် အတိုင်း

မိမိထည့်ချင်သည့် သီချင်းကို Right Click နှိပ်ပြီးတော့

Mp3tag ကို တစ်ချက်နှိပ်လိုက်ပါ

ပုံ(၂) တွင် ပြထားသည့် အတိုင်း

သီချင်းကို mouse ဖြင့် တစ်ချက်ထောက်

ပြီးရင် ဘယ်ဘက်ခြမ်းက လွှတ်နေတဲ့ နေရာကို

Right Click ထောက်ပြီး Add cover.....ကို နှိပ်ပြီး

အောက်က ပုံအတိုင်း မိမိစိတ်ကြိုက် ဓါတ်ပုံတစ်ပုံ

ထည့်လိုက်ပါဗျာ

ပုံ(၃) တွင် ပြထားသည့် အတိုင်း မိမိစိတ်ကြိုက်

ဓါတ်ပုံ တစ်ပုံ ထည့်ပြီး Open ကိုနှိပ်လိုက်ပါ

ပုံ(၄) တွင် ပြထားသည့် အတိုင်း

File ကို mouse ဖြင့် ထောက်ပြီး

Save tag ကိုနှိပ်လိုက်ရင်

Ok ဘောက်(စ်) လေး တတ်လာမယ် Ok ပေးလိုက်ရင် ရပါပြီ

   

   

Posted By Unknown5:12 AM

 
Twitter Bird Gadget